ညီမလေး

ကြီးမားတဲ့ချစ်ခြင်းတွေ ငါ့ရင်ဘယ်ဘက်မှာ ညီမလေးအတွက်ပါ
သိပ်လှတဲ့ သူ့အပြုံးတွေ မတွန်းလှန်နိုင်တဲ့အခါ ငါကျဆုံးခဲ့ရ

အမှန်ဆိုရင် တစ်ခါမှမကြုံဖူးပါ ဒီလိုစွဲလမ်းမှုမျိုးငါ
ညီမလေးရဲ့စူးရှတဲ့အကြည့်များက လူကိုရူးသွပ်စေခဲ့ရ

မင်းအကြည့်တွေစွဲလမ်းလို့သွား
အိပ်မရတဲ့ငါ့ရဲ့ညများ စတွေ့တဲ့နေ့ကနေအခု
တစ်ရက်မှကိုမေ့လို့မရဘူး

သိပ်ချစ်လို့ဖွင့်ပြောရင် မင်းမသိသလိုနေလိုက်ပါ ငါအကြောက်ဆုံးပါ
ကွဲလွဲတဲ့ယုံကြည်မှုတွေ ရှိနေနှင့်ပြီးသား မဆုံနိုင်တော့ပါ

ညီမလေးရဲ့ပါးချိုင့်လေးနဲ့ပါးလေး ညီမလေးရဲ့သွားတက်လေးနဲ့ အပြုံးလေး
ညီမလေးရယ် သိပ်ချစ်တယ် အရမ်းလွမ်းတယ်
ဘယ်အချိန်မှာ တို့နှစ်ယောက် ပြန်ဆုံဦးမှာလဲ

မာတိကာ သို့ .....