စုံတောမြိုင်

သူတော်ကောင်းတွေမှ ကိန်းအောင်းမွေ့လျှော်ကြတဲ့ စုံတောမဟာမြိုင်၊
ပန်းမာလာကြိုင်၊ လွမ်းစရာ့အပိုင်၊ တောဂနိုင် အတွင်းမှာလ
ပျံ့သင်းယဉ်ယဉ်၊ ထန်းတပင်နှစ်ပင်၊ ပန်းသဇင် သဇင်၊ ပေါပေါဘိကနဲ့ စုံတောမြိုင်ချောင်၊
ပြောင်ဆင်ကျားရဲ ကျွဲနှင့်ယုန်ငယ်ဂျီဒရယ် ပျော်ဘွယ်၊ ဖိုမ မြူးကြတယ်စုံတောမြိုင်၊
[ (သီတာ ဖီလာ မြှောင်ကာ ဆီးပါလို့) ] ၂ ၊ (တောင်ကြီးတွေက အုံ့မှိုင်းရီ အုံ့မှိုင်းရီ) ၂
(နဂါးဂဠုန်တွေက လွန်ပျော်မြူး) ၂ ၊ (ထူးလဲ ထူးသည့်မြိုင်၊ ခရီးဝေလွန်းလို့ လူသူမရောက်နိုင်) ၂
ပြောင် ဆင် ကျားရဲ ကျွဲနှင့်ယုန်ငယ် ဂျီဒရယ် ပျော်ဘွယ်၊ ဖိုမမြူးကြတယ်စုံတောမြိုင်၊
(အို ပြောမဆုံးနိုင်၊ အနုံးပြေစရာပထိုင် အဖော်မပါနိုင်၊ တယောက်ထဲ အသဲထိတ်စရာပစုံမြိုင်) ၂
(စမ်းရေအိုင် ဘယ်ဆီမျှော်မှန်း လွမ်းလို့မတွေးတောနိုင်) ၂
သည်တောမနောစေတနာ အဟုတ်ကြည်လင်တဲ့မြိုင်၊ တောင်တန်းလွမ်းစရာစုံတောမြိုင်၊
ပြောင် ဆင် ကျားရဲ ကျွဲနှင့်ယုန်ငယ် ဂျီဒရယ်ပျော်ဘွယ် ဖိုမမြူးကြတယ် စုံတောမြိုင်။

မာတိကာ သို့ .....