သန္ဒေသူ

မြင်သူတိုင်း နှစ်သက် မြတ်နိုးကြသူ၊ ကြိုင်တရာထုံ ရွှေဝတ်မှုံသင်ကြူ၊
ကြည်လင်အေးချမ်းတဲ့ စိတ်ရင်းသဘောဖြူ၊ သန္ဓေသူ ပတ္တမြားသွေးနဲ့တူ၊
လူသာမန်များနှင့် မထိုက်တန်သူ၊ လေသွေးလှိုင်ကြူ၊ ကျက်သရေတော်ရှိသူ၊
အလွန်ထူးဆန်းတဲ့ မြတ်ပန်းနဲ့ တူကာဣနြေ္ဒအစဉ်ထိန်းသိမ်းတဲ့သူ။
(သဒ္ဓါကြည်ဖြူ၊ ထူးမြတ်တဲ့ဧကန်သန္ဓေသူ၊ သိကြားမျိုးနွယ်ဆက်သွယ်တဲ့အပျိုဖြူ၊
မိုးနတ်သူနန္ဒမူ၊ ယိမ်းနွဲ့ကာ မာလာသင်းကြူ၊ ဤဇမ္ဗူ ဖုန်းရှိတဲ့သူများလှမ်းချူ၊
သဒ္ဓါကြည်ဖြူ၊ ထူးမြတ်တဲ့ဧကန် သဒ္ဓေသူ၊ သိကြားမျိုးနွယ်ဆက်တဲ့ပျိုဖြူ မိုးနတ်သူ) ၂
(လှိုင်နန္ဒမူ အထူးပင်မြတ်သူ၊ စုံခြေလှိုင်သူ ပန်းစုံသင်းကြူ၊ ညိုပြာဝါဖြူကျက်သရေရှိသူ၊
ဆန်းတဲ့ဟန်မူ ဝေဖြိုးမိုးနတ်သူ၊ စိတ်ထားကြည်ဖြူ ထူးတဲ့ဆုယူ၊ ထင်ရှားတဲ့ဂုဏ် ပြည့်စုံတဲ့ သင်းပြန့်လှိုင်ကြူ၊
ဝေဖြိုးမိုးနတ်သူ၊ ပန်းမျိုးစုံသင်းပြန့်ကြူ၊ ဆင်းရနံ့က မွှေးထုံကြူ၊ ထူးထူးခြားခြားဆန်းဆန်းပြားပြားလှတဲ့သန္ဒေသူ) ၂ ၊
စိတ်တူသဘောတူ၊ တောမြိုင်လမ်းကို မှန်းယူ လှမ်းဆွတ်ချူ၊ သဘောကောင်းစိတ်ကြည်ဖြူ၊ မိုးနတ်သူ၊
အကြောင်းရင်းပါစို့ အတူ မိုးနတ်သူ၊ မြိုင်တွင်းက သင်းထုံကြူ၊ တသန်းတန်ငွေမူ နန်းဆံမေဖြူ၊ ထူးလှပျိုဖြူ။
(သဒ္ဓါကြည်ဖြူ…………………………..မိုးနတ်သူ) ၂ ။

မာတိကာ သို့ .....