ဝေးရမှာ တွေးကြောက်နေသူ

အနိုင်အရှုံးကို ယှဉ်ပြိုင်တဲ့အခါ အို ကိုယ့်ဘက် အနိုင် မင်းပေးပါကွာ
အရှုံးတွေ ကြုံလာသည့်တိုင် အို မင်းလေးကို မမုန်းဘူး

ထူးဆန်းတဲ့ အချစ်တွေ အသည်းမှာ စိမ့်ဝင်နေသောအခါ
နှုတ်မရတဲ့ ဆူးလို ကိုယ့်ရင် ဆူး ၀င်စိုက်
ရူးမိုက်တဲ့ အခုအရွယ်မျိုးမှာ အချစ်ဆိုတာ ဘ၀ပါ
အဆိပ်ရှိမှန်း သိနေလည်းကွယ် နမ်းရှိုက် အဲသလို ကိုယ်ဂရုစိုက် Oh ... No ...

မင်း ဘယ်လိုလဲ ပြောစမ်းပါဦး မင်း ဘယ်လိုလဲ ဆုံးဖြတ်ပါ
ကိုယ့်တစ်ယောက်တည်း မင်း ချစ်စေချင် တောင်းဆုချွေတိုင်း
မင်းဘယ်လိုလဲ / တကယ်လို့ ကိုယ့်ဘက်မပါရင်
ရင်မှာ တကယ် မပျော်တတ်သူ ကံကြမ္မာရယ် ဆိုးလွန်းပါတယ်
လမ်းလျှောက်ကာ လမ်းပျောက်ခဲ့သူ ဝေးရမှာ တွေးကြောက်နေသူ

နိုင်ခဲ့ရင် ပျော်စရာပေါ့ကွာ ကျန်ရစ်ခဲ့သူ တစ်ယောက်က ငိုမှာ
အရှုံးတွေ ရင်ဆိုင်ရမှာ ကိုယ်လေ တွေးတိုင်း ရင်မောတယ်
လောကထဲ ချစ်သူနဲ့သာ အမြဲ နေချင်ကြတာ
မချစ်ဘဲနဲ့ ပေါင်းနေရ စိတ်ဆင်းရဲစရာ အဲဒါ ဘ၀လည်းဆုံး Oh ... No ...

အရှုံးတစ်ယောက်လို ဖြစ်မယ် ရှုံးခဲ့ရင် ကိုယ် မင်းကို
သိမ်းပိုက်နိုင်ခဲ့ရင် Good မယ် အချစ်ဆုံးရေ Oh ... No ...

အကြင်နာဟာ ဘ၀နဲ့တူ ဝေးရမှာ တွေးကြောက်နေသူ
ဝေးရရင် ကိုယ်စိတ်မှာရူး ဝေးရမှာ တွေးကြောက်နေသူ
မင်း ဘယ်လိုလည်း ပြောစမ်းပါဦး မင်း ဘယ်လိုလည်း ဆုံးဖြတ်ပါ

မာတိကာ သို့ .....