မင်းရဲ့အဝေး

စမ်းချောင်းငယ်ထဲ ပန်းလိုပဲ မျောခဲ့ရတယ် အရင် တို့ အတိတ်ဟောင်း
မိုးသားတွေဆီကို လှမ်းပြောပြရတယ် ကိုယ် ကြေကွဲကြောင်း
မင်း ပါးပြင်ထက်က အိပ်မက်ဟောင်းများသာ ၀ူး ... လွမ်းဆွတ်ပြီး
ကြင်နာသူရယ် မင်းရဲ့ အဝေးမှာ မျှော်လင့်မိ

ဒီဘ၀ကို လှည့်ကြည့်တိုင်း
အဓိပ္ပါယ် ပျောက်ဆုံးနေ
ကိုယ်ကိုယ်တိုင် ရွေးချယ်ဖူးတဲ့ လမ်းအမှားထဲ
အခုများတော့ အသည်းက ဆွေး

အဖော်မဲ့ လမ်းမှာ မပျော်နိုင်ခဲ့ဘူး
အဖော်မဲ့ လမ်းမှာ ကြေကွဲရသူ
မင်းရဲ့ အဝေးမှာ မနေချင်တော့ဘူး
မင်းအချစ်နဲ့ ဝေးရာ

မင်းမျက်ရည်လေး အခုတော့ လွမ်းပြီးရင်းလွမ်းချင် ရင်မှာစွဲတဲ့ မီး
ခိုလှုံရာရင်ခွင် ပေးဖူးတဲ့အချစ်ကို ငါ ချန်ထားမိ
ဒီဘ၀ဟာ လှည့်ကြည့်တိုင်း
အဓိပ္ပါယ်ပျောက်ဆုံးနေ
ယုံကြည်ရာ ရွေးချယ်ဖူးတဲ့ လမ်းအမှားထဲ
အခုများတော့ အချစ်နဲ့ဝေး

ဒီ အဖော်မဲ့ လမ်းမှာ မပျော်နိုင်ခဲ့ဘူး အဖော်မဲ့ လမ်းမှာ လွမ်းခဲ့ရဖူး
မင်းရဲ့ အဝေးမှာ မနေချင်တော့ဘူး မင်း အချစ်နဲ့ ဝေးရာ
ဒီ အဖော်မဲ့ လမ်းမှာ လွမ်းနေခဲ့ဖူး မင်းရဲ့ အဝေးမှာ လွမ်းခဲ့ရဖူး
မင်းရဲ့ အဝေးမှာ မရှိချင်တော့ဘူး မင်းအချစ်နဲ့ ဝေးရာ
မင်းရဲ့ အဝေးမှာ မရှိချင်တော့ဘူး မင်းအချစ်နဲ့ ဝေးရာ
မင်းနဲ့ ဝေးချိန်များ မင်းအချစ်နဲ့ ဝေးရာ
မင်းနဲ့ ဝေးချိန်များ ရင်ခွင်မှာ ကြေကွဲခဲ့သူပါ
မင်းနဲ့ ဝေးချိန်များ ၀ူး ..... ၀ူး ...
မင်းနဲ့ ဝေးချိန်များ အဖော်မဲ့သော ဘဝ
ကြင်နာသူရယ် မင်းနဲ့ ဝေးချိန်များ

Download Here !!!
မာတိကာ သို့ .....