ငါလိုချင်တာ

သေချာငါပြန်တွေးကြည့်မိတော့ မတူညီတဲ့ တို့နှစ်ယောက်လည်း
အဆုံးသတ်လိုက်ဖို့ အကြောင်းက ဖြစ်လာတော့ ကြိုတင်ကာ
နင်လည်းမစူးစမ်းခဲ့တော့ ကြာလာတော့ စိတ်ပျက်ကြပြီ
အချိန်တန်တော့ တို့တွေဝေးကြပြီ

နင်လိုချင်တာ ငါ့အချစ်တစ်ခု နင်လိုချင်တာ ထိန်းချုပ်မှု
နင်လိုချင်တာ ငါ့ဘ၀တစ်ခု နင်ရှင်သန်တာ အတ္တတစ်ခု

ငါလိုချင်တာလွတ်လပ်တဲ့အချစ် လွတ်လပ်တဲ့ဘဝ
လွတ်လပ်တဲ့အတွေးများနဲ့ ငါလျှောက်မယ် မလိုချင်ပါ
ထိန်းချုပ်တဲ့အချစ်ရှေးကျတဲ့အကျင့် နေရစ်ခဲ့တော့ချစ်တဲ့သူ ဒီဘဝ

ထင်သလိုငါကလေးတစ်ယောက်မဟုတ်ဘူး
အချိန်ရှိတိုင်းအနားမှာကပ် အပေါင်းအသင်းတွေကြား
ဆုံးမစရာ ဖြစ်လာပေါ့ အရင်ပျောရွှင်ချိန်လေးများလည်း ပျောက်ဆုံးပြီ

တကယ်ဆို ချစ်မှန်းသိလျက်နဲ့ ပိုနေတဲ့နင်လုပ်ရပ်
အထူးအဆန်းဖြစ်ခဲ့ ငါ့စိတ်ရှုပ်ထွေးလာတော့ ကြိုတင်ကာ
နင်လည်းမစူးစမ်းခဲ့ အချိန်တန်တော့ တို့တွေ ဝေးကြပြီ

ပြင်ဆင်လိုက်ဖို့ အားလုံးပဲ သေချာစဉ်းစားဆုံးဖြတ်လိုက်

မာတိကာ သို့ .....