မလာပါနဲ့

ငါ့ရဲ့ ရင်ထဲ လောင်နေမီးတွေနဲ့
အဆုံးသတ်ချိန်ထိ ကြိုပြီး သိနှင့်နေခဲ့
မင်းအတွက်ကိုလည်း နာကျင်စေမယ့် မီးမျိုး
ငါလေ မပေးရက်ဘူး မချစ်ရက်ပါဘူး
မင်းရဲ့ ရင်ထဲ အချစ်စိတ်တွေနဲ့ ပြည့်နှက်တဲ့ နှလုံးသားငယ်
ငါ မြင်နေရလည်းကွယ် နာကျင်စေဖို့ခက်

မလာပါနဲ့ ငါလျှောက်မယ့် ဘ၀ခရီး ကြမ်းတယ်
ကြုံတွေ့မယ့် အခက်အခဲ ဒုက္ခကျောက်ဆောင် မင်းရင်ဆိုင်ဖို့ ခက်မယ်
မလာပါနဲ့ အချစ်ရယ် မလာခဲ့နဲ့ နင်မသိတဲ့ အပြင်က လက်တွေ့ဘ၀ဟာ
အန္တရာယ် သိပ်များလွန်းတယ် မလာနဲ့

ဝေးရမှာပဲ ဘာကို လွမ်းနေမလဲ
မတိုးခဲ့ချင်နဲ့ ဒီအတွက် ဇွတ်မမိုက်နဲ့
အလွမ်းနေ့တွေ အတွက် ဘာကို နင်စတေးမလဲ
အဖြေဟာ မထိုက်တန်ဘူး ငါလုံးဝ ခွင့်မလွှတ်ဘူး

မာတိကာ သို့ .....