မချစ်ဘဲမနေနိုင်

ဇမ္ဗူဒီပါ လေးကျွန်းပိုင်တဲ့ စကြ၀တေး မန္ဓလတ်မင်းသော်မှ
ချစ်တဲ့စိတ်ထား တားမြစ်ခြင်းမှာ မစွမ်းနိုင်လေတယ်၊
ချစ်မိလေစွတကား ခင်မိလေစွတကား ကာမဘုံသားတွေရယ်။
(မချစ်ဘဲလဲမနေနိုင်တယ်၊ သဘောစိတ်ရင်းတိုင်း မှန်တာကိုပြော၊
သောတရှင်မောင့်ကိုသာပင် စွဲမြဲနှစ်သက်တယ်) ၂ ။
(ရေမြေတောင်တော လောက၀ယ်၊ ဒီပါလုံးဆုံးစေကွယ်တဲ့၊
အချစ်နယ်ကကျယ်လွန်းတယ်၊ လေးကျွန်းရယ်၊ မြင့်မိုရ်ထက် ပိုလွန်းလိမ့်မယ်) ၂
ကာမဂုဏ်လောကီဘ၀ရယ်၊ သဒ္ဓါဟုန် ဇောညီမျှတယ် (တူနှစ်သွယ်) ၂ ၊
ရွှေဖူးစာ အကြောင်းဖက်မယ်။ သံပြိုင်။ ။(ကမ္ဘာပေါ်ဝယ်၊ မောင့်ကို ပျိုခင်တယ်) ၂
ကြင်နာစရာ ရှေးရေစက်ပင် ထင်တယ်၊ အဟုတ်ပါဘဲကွယ်၊
မကြည်အောင်ရိုးရိုးသဘောပြောမယ်၊ မချစ်ဘဲ မနေနိုင်တယ်။
ပျို့ချစ်ဦးသက်လှယ်ရယ်၊ ဘယ်လိုဆုထူးများကွယ်၊
ပန်ခဲ့တယ် မှန်တာကိုပြောစမ်းကွယ်၊ တကယ်ပင် စိတ်ထဲကရယ်၊
မကြည်အောင်ပျို့မောင်ကို ရွေးတယ်) ၂ ၊
[အော် ဘာဖြစ်လို့ ချစ်ရပါလိမ့်မယ်၊ အကြောင်းလဲ သိအောင်
(မေးချင်တယ်) ၂ ခင်မေကြုံဘူးပေါင်ကွယ်။] ၂ ၊
သံပြိုင်။ ။ ကမ္ဘာပေါ်ဝယ် …… မချစ်ဘဲ မနေနိုင်တယ်၊ မောင်ပြောရင်ခင်မင်တယ်၊
လောကီလူများတွေရယ်၊ မကြည်အောင်လဲ ပါတယ်၊
အော် ချစ်နိုင်ကြပါပေတကယ်၊ ရွှေတိုင်ညွန့်က ရေးတယ်၊ ခင်မင်စေဘွယ်၊
နားစိုက်ကာရယ်၊ မှတ်ထားပါမယ်၊ ပြောစမ်းပါ သိချင်တယ်၊ သေချင်သေကွယ်၊
နားစိုက်ကာရယ်၊ မှတ်သားပါမယ်၊ ပြောစမ်းပါ သိချင်တယ်၊
သနားတတ်တဲ့စိတ်ထားရယ်၊ အော် အများကြီး အံ့သြတယ်၊
ဘယ်သဘောလဲကွယ်၊ အမြဲတမ်းစိတ်မှာတွေးတယ်။
အို စွဲလမ်းတဲ့ အရေးရယ်၊ ပြေးကြည့်ဘို့အကြောင်းကို ထင်မြင်မိတယ်။

မာတိကာ သို့ .....