အမေ

တစ်ထောင့်တစ်ညရဲ့ ပုံပြင်တွေထဲမှာ
ကျွန်တော်လေမိန်းမောပြီး သာယာလို့နေရင်း
အချိန်တိုင်ခဲ့သည့်တိုင် အိမ်ပြန်ခွင့်မသာခဲ့
သည်အချိန်ဆိုရင်လေ အိမ်မှာအမေရယ်လေ
ကျွန်တော့်စိတ်နဲ့ ပူပန်နေရှာရော့မယ်

မလွမ်းတတ်တဲ့ လူတွေရဲ့ကြားမှာ
ကျွန်တော်လေ တစ်စတစ်စနဲ့ ပျော်ဝင်နစ်နေလေ
ရင်ခွင်အမေအရပ်ဆီ ပြန်လည်မှန်းကာကြည့်
ရယ်သံလိုလို ငိုသံတွေမပီပြင် နွမ်းလျလို အိမ်အပြန် တကယ်ကို ခက်ပြီ

တားလျက်နဲ့ သွားမိခဲ့သူ အမှားတွင်းထဲ တမြေ့မြေ့
နစ်ခါကျော့ကွင်းမှာ အထပ်ထပ်ရုပ်မပီ
ခလုတ်ထိမှ တခဲ့မိတဲ့ အမေ့ရဲ့သားမောင်လေ
အရွယ်လွန်လွင့်ပါး စုန်းစုန်းမြုပ်တော့မယ် အမေ

မာတိကာ သို့ .....