ယူကျုံးမရ

လမ်းပေါင်းများစွာလျှောက်ခဲ့ပြီးမှ ကိုယ်ပြန်လာချင် မင်းရဲ့အရိပ်အောက်
နင်ကြိုပါဦးမလား တွေဝေစိတ်မောနေရ

ငါလိုနေချိန်တွေ မင်းအမြဲရှိခဲ့ နင်လိုနေချိန်တွေ မရှိသောငါ့ကို
ကြည်ဖြူပါဦးမလား ခွင့်လွှတ်ဦးမှာလား

နင်ပေးတဲ့ အကြင်နာများ ငါသတိရချိန်မှ
ငါလွမ်းလို့နေရမလား ငါမသိတော့ပါကွာ
ဟိုတုန်းက အချိန်တွေကို တို့တမ်းတရင်း
ခုဆိုငါ့မှာ ငါ့မှာ ယူကျုံးမရ
ကိုယ့်ဘေးကကြင်နာသူ နင်မရှိတဲ့အချိန်မှ
ငိုကြွေးလို့နေရမလား ငါမသိတော့တာပါ
ငါရူးလို့နေပြီကွာ ငါသာမှားယွင်းခဲ့တာ
ခုဆိုငါ့မှာ ငါ့မှာ ယူကျုံးမရ

စလို့နှုတ်ဆက် လမ်းခွဲခဲ့တာ ကြင်နာတာတွေကို မသိခဲ့တဲ့ငါ
ငါဟာ အရူးပါ မကြင်နာတတ်ခဲ့သူပါ

ဒီအချိန်တွေကိုသာ နောက်လှည့်လို့ရရင် နင်လိုနေချိန်တွေ ငါအမြဲရှိမှာ
ယုံကြည်နေပေးပါ ယုံကြည်ပေးလှည့်ပါ အချစ်ရာ

မာတိကာ သို့ .....