ပြန်လာချိန်လေး

လမ်းခရီးများ အဆုံးထိ မရောက်ခင်
လေထဲက အိမ်ငယ်လေး လဲပြိုပြီ
စတေးခဲ့သမျှ တစ်ခုမှ အဖတ်မတင်
မှန်းထားသမျှ အရာရာ နောက်ကျကုန်ပြီ
ပြန်မျှော်နေမိ
ပြန်လာချိန်လေး
ယုံကြည်နေမိ ဖြစ်ပျက်ခဲ့သမျှ တောင်းပန်တယ်
ပြန်လိုချင်မိ
နင် ခိုဝင်ချိန်လေး

ရင်ထဲ လမ်းရှင်းထားတယ်
တစ်သက်လုံး အေးချမ်းသွားမယ်
အကုန်လုံး ကျောခိုင်းထားတယ်
မင်းလေးတစ်ယောက်က လွဲရင်

တံခါးလေးများ ဖွင့်ဟထားတယ်
အင်း သဘောအတိုင်း ဘယ်အချိန်မဆို လှမ်းကြည့်နိုင်တယ်
အခန်းလေးလည်း ရှင်းလင်းထားတယ်
မင်းစိတ်ကြိုက် ဘယ်အချိန်မဆို မှေးစက်နိုင်တယ်

မာတိကာ သို့ .....