ထွက်သွား

ဇာတ်လမ်းတစ်ပုဒ် ဆုံးပြီလား မလွမ်းဘူး အဝေးထွက်သွား
နင်မရှိတော့ငါအသည်းမကွဲပါ အရောင်မရှိတဲ့အိပ်မက်များချန်ထားခဲ့
အမှိုက်ပုံမှာပြာဖြစ်ခဲ့ ဓါတ်ပုံအပိုင်းအစများ

ထွက်သွားအချစ်တုများ ထွက်သွားအရိပ်တုများ
ထွက်သွားလမ်းခွဲခဲ့/ မပတ်သက်နဲ့

နင်ပေးတဲ့ အချစ်တွေဟာ တန်ဖိုးမဲ့အချစ်တုများ
ရေရောတဲ့သစ္စာဝေးဝေးသွား လှည့်ဖြားတဲ့နင့်မာယာ အသုံးမကျ
ဘေးဖယ်ပါ ပြန်သိမ်းသွားမာယာအဆိပ်ခွက်များ

ခံစားချက်ကိုအတုလုပ် လုပ်ဇတ်ခင်းတယ် မဟုတ်တရုတ်
ပုံပြောကောင်းသူကြီးမို့ ငါ့ရဲ့ဘ၀ဟာပျက်မလို့
စံတင်လောက်တဲ့လှည့်ကွက် နင့်ဇာတ်ညွှန်းမှာမျှောခဲ့
ချိုမြိန်ခြင်းရဲ့နောက်ကွယ် အန္တရယ်များစွာရှိတယ်
သွားသွားထွက်သွားလိုက်အဝေးကို
အချိန် အချိန် အချိန် မလွန်ခင်ငါသိပြီ
လွမ်းလွမ်းလွမ်းစရာ အကြောင်းတွေတော့မရှိ
ကိုယ့်ကိုယ့်ကိုယ် ကိုယ်ကိုသာချစ်မည်

မာတိကာ သို့ .....