ခေါင်းငုံ့ချစ်နေမယ်

မျက်နှာထားတင်းတင်းနဲ့ နောက်မလာနဲ့လို့ပြောလွှတ်လိုက်တယ်
ကိုယ်အစွဲအလန်းကြီးမှန်း သိလျက်သားနဲ့ မင်းပြောရက်တယ် ပြောနိုင်ပါတယ်
ခေါင်းငုံ့ခံမယ် ပြောနိုင်ပါတယ် သည်းညည်းခံမယ်
ကိုယ့်ကို အမြဲတမ်း မင်းပြောနိုင်ပါတယ်

ခြေလှမ်းပြင်းပြင်းနဲ့ ကိုယ့်ရှေ့နားက ဖြတ်လျှောက်သွားတယ်
ကိုယ့်နှလုံးသွေးများလည်း ဒေါသစိတ်ကြောင့် ဖျဉ်းကနဲဖြစ်တယ်
မင်းမာနိုင်တယ် မင်းအနိုင်ယူကွယ် မင်းမာနိုင်တယ် သည်းညည်းခံမယ်
ကိုယ့်ကို အမြဲတမ်း မင်း ပြောနိုင်ပါတယ်

ကိုယ် ဘယ်လောက်အထိချစ်သလဲ မင်းသိလား
ကိုယ်ဘယ်လောက်ထိခံမလဲ မင်းသိလား
ကိုယ်ဘယ်လောက်ထိ မြတ်နိုးသလဲ
ကိုယ်ဘယ်လောက်ထိ တန်ဖိုးထားတယ်
ခံနိုင်ရည် မင်းစမ်းကြည့်တာလား ယုံကြည်အောင် သွေးတိုးစမ်းတယ်လား

ကြည့်မှန်းသိလျက်နဲ့ ခေါင်းငုံ့ကာမျက်နှာဖယ်တယ်
ကိုယ့်အသည်းနှလုံးများလည်း ဆွဲခါသလို တဆတ်ဆတ် တုန်တယ်
အနင်းခံနိုင်တယ် အရွှဲ့ခံနိုင်တယ် အပြောခံနိုင်တယ် အမုန်းခံနိုင်တယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ချစ်နေမယ်

ကိုယ်ဘယ်လောက်ထိ...... ခေါင်းငုံ့ချစ်နေမယ်

မာတိကာ သို့ .....