ငြီးငွေ့ပြီ

ဒီရင်မှာ အသည်းတို့ ခြောက်ကပ်လို့ စိတ္တဇ အခန်းရဲ့ အမှောင်တွေထဲ
စေညွှန်ရာ အတွေးတို့ ပြားကပ်လို့ မီးသင့်ဦးနှောက်ငယ် တစ်ခုပဲ
ပိုင်ဆိုင်ကာထားလည်း ငါဟာ ခရီးဆက်နေတယ်

မရေရာတဲ့ အချစ်တစ်ခုတွေ့ရှိလို့ ငါ့အတွက်အလင်းလို့ ဆိုနိုင်မလား
သေချာတာ ငါ့အတွက် အချစ်မရှိလို့ ငါ့ဘ၀ လုံးဝမတုန်လှုပ်ဘူး
ဒီအခြေအနေ အတိုင်းပဲ ငါဟာ ခရီးဆက်နေတယ်

မာယာတွေ ဖုံးတဲ့ ဒီအချစ်များ ငါလေတွေ့ရှိခဲ့ပြီမို့
မယုံကြည်တာ အပြစ်လို့ ဆိုနိုင်မလား

ဒီအဖြစ်တွေကို ငါ ငြီးငွေ့ပြီ
ဘ၀တွေကို ငါ ငြီးငွေ့ပြီ
ဒီအချစ်တွေကို မလိုအပ်တော့ပြီ

မာတိကာ သို့ .....