မင်းနဲ့ဝေးတော့

မင်းနဲ့ဝေးတော့ ကိုယ့် အခြေအနေ သိပ်ဆိုးပြီ
ကိုယ်တစ်ယောက်တည်း မဖြစ်နိုင်တာ မင်းသိရက်နဲ့
မနေချင်ဘူး ချစ်သူလေး ကိုယ့်အနား မင်းမရှိရင်လေ
စက္ကန့်တိုင်းက မလှပတော့ဘူး

တကယ်ဆို လောကကြီးထဲ တစ်ယောက်တည်းကိုယ်
မပျော်နိုင်တဲ့ နေ့ညများဟာ မင်းထားခဲ့လို့ / မေ့ဖို့မဖြစ်လို့
ဘယ်လို ရင်ဆိုင်ကာ ကိုယ်ဖြေသိမ့်မလဲ အချိန်ပြည့်ပဲ အလွမ်းတွေနဲ့
ကိုယ် ငိုကြွေးခဲ့ပါတယ် မင်းမှ မသိဘဲ

မင်းပေးခဲ့တဲ့ အလွမ်း ဒဏ်ရာတွေပဲကိုယ် အမြတ်တနိုး ထားမယ်နော်
မေ့ဖို့မဖြစ်လို့ မမျှော်လင့်ဘူး ချစ်သူလေး ဒီလိုနဲ့ ဝေးကြမယ်လေ
ကိုယ့်ဘ၀ကိုယ့်အချစ် အားလုံး / မင်းက ပျောက်ဆုံး

မာတိကာ သို့ .....