ကိုးရီးယားရောဂါ

ကျွန်တော်ရဲ့ ရည်းစားပုံစံက " အွန်စော" လို ပုကွကွနဲ့ပါ
စိတ်ကောက်တဲ့အခိုက် သူရဲ့စတိုင်လ်ဟာ " ဂျင်ဆန်းမီ " လိုမျိုးအကြည့်နဲ့ပါ
သူ့ရဲ့အကြိုက် " Rain " ဆိုတဲ့မင်းသားပုံစံအတိုင်းလိုက်လိုက်တုရတာ
" ဆောင်းဦးရွက်ကြွေ ချစ်သက်သေ " ပါကွာ မင်းကိုငါချစ်လွန်းတော့ ပြဿနာ

တစ်ခုလောက်တော့မေးထားဦးမယ် ကြင်နာသူအချစ်ကလေးရာ
မင်္ဂလာဆောင်ကျရင်ကော Korea လိုဆောင်ဦးမှာလား

ကယ်တော်မူကြပါဦးဗျာ ကျွန်တော့်ရည်းစားမှာ
ကိုးရီးယားရောဂါ စွဲကပ်နေတာ
ကယ်တော်မူကြပါဦးဗျာ ကျွန်တော့်ရည်းစားမှာ
ကိုးရီးယား ကိုးရီးယား ကိုးရီးယားရောဂါ စွဲကပ်နေတာ

သတိရလို့ ဖုန်းဆက်တဲ့အခါမှာ သူကြည့်တာ ကိုးရီးယားကားတဲ့ဗျာ
ချိန်းတွေ့လို့စကားပြောရင်တောင်မှ `ထယ်စောက်´ နဲ့ `ဂျန်ဂျယ်ဟော်´ က အမြဲပါ
ညညကျစဉ်းစားမိတာက သူကြိုက်တာ ကိုးရီးယားကားပဲလား အမြဲတမ်းပဲ
ပြောပြောနေတာက နှစ်ယောက်တည်းအတူ Korea သွားမတဲ့လား

မာတိကာ သို့ .....