သိလျက်နဲ့

ယူပါ အတင်းပဲထိုးလို့ပေးတော့ မယူရင်ရိုင်းပြသွားမှာစိုး
ကိုယ်သွားဖြဲပြလို့ မရတော့တဲ့အခါ အလိုလိုယူခဲ့ရတယ်
တမင်အကာ ကိုယ့်အတွက် ခင်းကျင်းထားသလို
ပျူငှာထမင်းစားပွဲတွေကို ကိုယ်ဆေးကြောလက်နဲ့
အခန့်သင့်တဲ့အခါ မြိန်သလို ဟန်လုပ်ရတယ်

လာပါ လမ်းကလေးခင်းလို့ပေးတော့ ခြေလှမ်းဖို့ ခက်နေလည်း
ကိုယ်အထပ်ထပ်ငြင်းလို့ မရတော့တဲ့အခါ ခေါ်ဆောင်ရာလိုက်ခဲ့တယ်
သူတို့ပြောတဲ့ အတင်းအဖျင်းထဲမှာ ကိုယ်ဟာတစ်ခုမှ ရစရာမရှိ
ကာယကံရှင်ဖြစ်တဲ့ ကိုယ့်ဖက် အမည်းစက်မရှိတာ ကိုယ်သာ အသိဆုံးဖြစ်မယ်

လူတွေ ၀ိုင်း ၀ိုင်း ၀ိုင်း လို့ ဟားတိုက်မှာ သိတယ်
အရာရာ ရှုံး ရှုံး ရှုံးရတဲ့ ဖက်မှာ ရှိတယ်
အချိန်တိုင်းမှာ အချိန်မှာ ကိုယ်ခေါင်းငုံ နေရတယ်

ကံရုပ်သေးရုပ် ကိုယ့်ရဲ့ဘ၀ကို ဘယ်သူကြိုးဆွဲခဲ့ပြီလဲ
ကိုယ်တိုင်သိလျက် ညှိလို့မရတဲ့ပုစ္ဆာ အဖြေကိုနာကျည်းလွန်းတယ်
ပေလို အထုအနက်ဘ၀ရဲ့အောက်မှာ ကိုယ်လေ ခါးစီးကျိတ်ခံမယ်
သန့်ရှင်းတဲ့နေ့ရဲ့ အပွေ့အဖက်အရသာ အမှောင်ကို ဖယ်ရင်းစောင့်မယ်

မာတိကာ သို့ .....