မင်းအတွက်ကဗျာလေး

မင်းကိုတွေ့တဲ့နေ့ကစပြီး ရင်ခုန်သံတွေကို
သံစဉ်ဖြစ်အောင် ပြောင်းလဲတတ်လာခဲ့တယ်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါ့အနားကမင်း
ပျောက်ဆုံးသွားမှာကို အရမ်းကြောက်မိနေလို့
မှောင်နေတဲ့ငါ့အခန်းထဲ ဖယောင်းတိုင်လေးတစ်တိုင်ကို
မှားညှိပြီး ကိုယ်ရေးထားတဲ့
ကဗျာတစ်ပုဒ် နံရံပေါ်တွေ့လို့ ဖတ်ကြည့်လိုက်တော့
မင်းအကြောင်းဖြစ်နေခဲ့ ငါ့မှာတိတ်ဆိတ်စွာနဲ့
အံသြလို့နေခဲ့တယ် ကိုယ်တိုင်သေချာမသိတယ် မင်းအတွက်
ကဗျာလေး ဘယ်တုန်းကရေးထားမိလဲ
တွေဝေနေတုန်း ရုတ်တရက်မှာပဲ ငါ့ရှေ့က
ဖန်ခွက်လေး လေမတိုက်ဘဲကျကွဲ
ဒီအချိန်မှာပဲထူးဆန်းစွာနဲ့ မင်းရောက်လာခဲ့
ကိုယ့်ရဲ့နတ်သမီးလေး တကယ်ထင်နေခဲ့တာ
နောက်ဆုံးတော့ မင်းရဲ့ပုံရိပ်လေးသာဖြစ်လို့နေခဲ့
ပိုင်ဆိုင်ခွင့်လေး မရှိတော့မှန်း သိရက်နဲ့
ငါဟာတမ်းတနေတာ
ငါ့မှာ ရူးမတတ်ခံစားကြေကွဲနေရပေမယ့်
ဘယ်လိုမှ ဖျောက်ဖျက်မရအောင် မင်းတစ်ယောက်ကိုပဲ
ငါစွဲလမ်းစွာ ချစ်တယ် လိုအပ်ချက်တိုင်းကို
မင်းအတွက်ဖြည့်ဆည်းပေးလို့ ဘ၀တစ်ခုလုံးကို ပုံအပ်ကာ
ပေးထားလိုက်ပြီ ချစ်လွန်းတဲ့မင်းကို အနားမှာအမြဲထားပြီး
ရင်ထဲကအကြောင်းတွေ ထာဝရပြောပြချင်တယ်

မာတိကာ သို့ .....