MR. LOVE

ဒီမှာ ကိုယ့်နှုတ်ခမ်းလေး အပူလောင်မှာလည်းစိုးတယ်
ကော်ဖီဆိုင်ကလေးထဲ ကြင်နာတတ်သော အချစ်ရယ်
ညဆို အိပ်ပျက်အကျင့်တွေ သင်ပေးတယ် မင်းအကြောင်း ခေါင်းထဲလည်း ချာလည်
မနက်ဆို မင်းရောက်လာတော့မယ် စောင့်မျှော်တတ်တဲ့ အကျင့်များရယ်
မင်းပေးခဲ့တယ် အိုး ..... ချစ်သူရယ်

အို ... မစ္စတာလပ်ဖ် ခုတော့ အသည်လေးကွဲခဲ့ရပြီ လွမ်းဆွေးခြင်းကို သင်ပေးလား
အို ... မစ္စတာလပ်ဖ် ခုတော့ မင်းလေးထားရစ်ခဲ့ပြီ / ထားခဲ့ပြီလေ
အသည်းကွဲခြင်း သင်ပေးခဲ့သလား ဒီသင်ခန်းစာ အသစ်များ
ငါ မကျေညက်ခဲ့လို့များ ရင်ကို ခွဲသင်ကြား မင်းထားခဲ့ပြီလား

ရင်မှာကွက်လပ်တွေပဲ တကယ်ဆို သူပေးခဲ့တယ်
ဘာကိုဖြည့်စွက်ရမလဲ မဖြေနိုင်ကိုယ်ဝမ်းနည်း
ခုဆို အသည်းကွဲ ရုပ်ရှင်တွေ မုန်းတယ် မင်းအကြောင်းတွေးတော့ မျက်ရည်လည်
အနမ်းတွေ မင်းပဲသင်ခဲ့တယ် အလွမ်းတွေ မင်းပဲ သင်ခဲ့တယ်
အို ... ဘာကြောင့်လဲ အိုး ... ချစ်သူရယ်

အို ... မစ္စတာလပ်ဖ် မင်းထားခဲ့ခြင်းလား

မာတိကာ သို့ .....