April နတ်သမီး

နွေလယ်နေ့ခင်းဘက် သူဝင်လာကိုယ့်အိပ်မက်မယ်
ရင်ခုန်တဲ့အနမ်းနဲ့ နံရံထက် ကိုယ့်ပန်းချီကားထဲ
ညင်သာစွာပြေးထွက် အခန်းလေးအတိုင်းပဲ ကွယ်ပျောက်သွားတယ်

April နတ်သမီးရယ် ရင်ကိုလေ လှုပ်ခတ်သွားတယ်
ဒီမှာလေ နိုးတ၀က် ရှာဖွေနေခဲ့တာလည်း
နံရံနဲ့ မျက်နှာကျက် တစ်ခန်းလုံးလည်း နှံ့လို့နေပြီကွယ်

တံခါးများပြေးပိတ်လိုက်ပါဦး မီးများဖွင့်လို့ လိုက်ရှာတုန်း
အခိုးအငွေ့အဖြစ်နဲ့ မင်းပျောက်ဆုံးလား April နွေရယ်ကူပါဦး

နွေကုန်ခါနီးတစ်ရက် အိမ်အပြင်မှာ မိုးတွေမည်း
ကြွေနေတဲ့မိုးနဲ့ ရေစိုနေ ကိုယ့်နတ်သမီးရယ်
ညင်သာစွာပွေ့ဖက် အင်း အိပ်မက်လေးထဲ

မာတိကာ သို့ .....