မယ်တင်

အရင်လိုပါပဲ ဖုန်တွေကြားထဲ ရိုင်တိုင်တိုင် လှည်းကြီး မောင်းရင်းနဲ့
အရင်လိုပါပဲ အသံကြောင်တတ်တဲ့ မယ်ဒလင်လက်သံ စမ်းနေခဲ့
အရင်လိုပါပဲ ချဉ်ပေါင်ဟင်းနဲ့ ကြုံရာ ငါ ပစ်ထည့် ၀ါးရင်းနဲ့
အဆင်ပြေရင်လည်း ငါတွေးနေရင်းနဲ့ မယ်တင်ငါ နင့်ကို လွမ်းပါရဲ့…

ရောင်နီလာမဲ့ မိုးသောက်တိုင်း ငါလွမ်းတယ်၊
နေညိုချိန်လည်း ထန်းတောထဲက လွမ်းတယ်၊
တောင်ပေါ်တက်ရင်း ဖက်ခုတ်ရင်းလည်း လွမ်းတယ်၊
မယ်တင်နင်လည်း ငါ့ကို မမေ့ပါနဲ့…

အရင်လိုပါပဲ အိမ်ခေါင်မိုးလည်း ကြယ်ရောင်စုံ လင်းလက် တောက်ပဆဲ
အိမ်ပေါ်မှာလည်း ငါခေါ်တင်ထားတဲ့ ပိန်ညောင်ညောင် ခွေးတစ်ကောင် ရောက်နေတယ်၊
မရည်ရွယ်ပါပဲ၊ ပေါင်ဖြစ်သွားတဲ့ နင်မှန်မှန် ချက်တဲ့ ထမင်းအိုးလည်း
အဆင်ပြေမှပဲ ငါပြန်ရွေးမယ်၊ မယ်တင်နင်ငါ့ကို စိတ်မကုန်နဲ့…

ဆီကုန်နေတဲ့ မီးခွက်ကြီးက လွမ်းတယ်
ယောင်ချာချာနဲ့ ၀က်မကြီးလည်း လွမ်းတယ်
ဖုန်တင်နေတဲ့ ကျောက်ပျဉ်ကြီးက လွမ်းတယ်
မယ်တင်ငါလည်း နင့်ကို လွမ်းပါရဲ့…

ဒီလိုနဲ့ပဲ ရွာမှာရှိတဲ့ လူတွေက မေးငေါ့ နှာခေါင်းရှုံ့ခဲ့
နင်ပြန်လာမှ အကုန်လိုက်တောင်းမဲ့ ငါယူတဲ့ အကြွေးတွေ ၀ိုင်းနေတယ်၊
အရင်လိုပါပဲ ရွာအ၀င်လမ်းထဲ ငါမှိုင်တွေ ငေးမောရင်းနဲ့ပဲ
အဆင်ပြေရင်တော့ ငါသိပ်လွမ်းလို့ အိမ်အပြန် နင့်ကို တွေ့ချင်ရဲ့

လူတွေကလည်း အကြွေးတောင်းရအောင် လွမ်းမယ်
ဗီဒီယိုရုံက ဦးတုတ်ကြီးလည်း လွမ်းမယ်၊
ရွာသူတွေလည်း အတင်းပြောရအောင် လွမ်းမယ်၊
မယ်တင် ငါလည်း နင့်ကို လွမ်းပါရဲ့…

Typed by ထူးမြတ်
မာတိကာ သို့ .....