ရူးချင်ယောင်ဆောင်မနေနဲ့

ရိုးသားလွန်းတဲ့ သိုးဟာ ကောက်ကျစ်တတ်တဲ့ မျက်နှာနဲ့
နူးညံ့လွန်းတဲ့ အကြည့်မှာ ရက်စက်တတ်တဲ့ အရိပ်တစ်ခုနဲ့
ယုံကြည်တာတွေကို မြောင်းထဲ လွှင့်ပစ်ဖို့ မကြံနဲ့

အေးစက်လွန်းတဲ့ အပြုံးဟာ သင်္ချိုင်းကုန်းကြီး တစ်ခုလိုပဲ
ရိုင်းစိုင်းလွန်းတဲ့ အသည်းကို မီးရှို့ပစ်ဖို့ ကြိုးစားဆဲ
ယိုနေတာတွေကို လက်ပိုက်ပြီးတော့ ကြည့်မနေနဲ့

ရူးချင်ယောင်ဆောင်မနေနဲ့ ရူးချင်ယောင်ဆောင်မနေနဲ့
ရူးချင်ယောင်ဆောင်မနေနဲ့ မင်း ရူးချင်ယောင်ဆောင်မနေနဲ့
မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့

မာတိကာ သို့ .....