ကျေနပ်လိုက် / စိတ်ဆိုးလိုက်

သံစဉ် - အဲလက်စ်

မျက်စိနှစ်လုံးဖွင့်တာနဲ့ မင်းငါ့ကို ဖုန်းဆက်ခိုင်းတယ်
ဖုန်းတွေပြောပြီးတာနဲ့ မင်းငါ့ကို ဈေးမှာချိန်း
ဈေးမှာချိန်းပြီးတာနဲ့ မင်းငါ့ကို စောင့်နေခိုင်း
ရောက်မလာဘဲ ငါ့တစ်ယောက်တည်း မင်းငါ့ကို ဒုက္ခပေးတယ်
နောက်ကျ အခုမှ မင်းရဲ့မျက်နှာကြီးက ဒေါသထွက်မရအောင် ဒုက္ခတွေ့နေခဲ့
ငါ့အတွက် အကြောင်းပြချက်က မင်းအတွက် လွယ်လွယ်လေးပဲ
(ခေါင်းလျှော်နေလို့ နည်းနည်းကြာသွားတာပါ)

ကျေနပ်အောင် မင်းချော့လိုက် စိတ်ဆိုးအောင် ထပ်လုပ်လိုက်

ညဆိုလည်း ကြွက်လိုပဲ မင်းစကားတွေ နားကိုငြီးတယ်
အိပ်ချင်လည်း မအိပ်နိုင်ဘဲ ဖုန်းပြောရင် မိုးတောင်လင်းတယ်
ချစ်ရဲ့လား မေးတာလည်း တစ်နေ့တစ်နေ့မှာ ၃၅၀
ချစ်တယ်လို့ ပြောရင်လည်း သိပ်စိတ်မပါဘူးလို့ပြောတယ်
ငါဒေါသထွက်မှ မင်းစကားသံများက ချွဲချွဲနွဲ့နွဲ့ မင်းပြောတတ်မှာလား
ငါ့အတွက် အကြောင်းပြချက်က မင်းအတွက် လွယ်လွယ်လေးပဲ
(ဘယ်လောက်စိတ်ရှည်လဲ စမ်းကြည့်တာပါ)

နင်ဒီလိုတစ်မျိုး ဟိုလိုတစ်မျိုး ငါနောက်ဆုံးကျတော့ မင်းကြောင့်ရူး

မာတိကာ သို့ .....