မီးများ

လိုအင်မပြည့်ဝနိုင်တဲ့ အကြောင်းများ
အကြိမ်ကြိမ် လွဲမှားနေတဲ့ ဇာတ်သိမ်းခန်းများလား
နာကျင် အဆိပ်တက်နေတဲ့ အတွင်းကြိတ်ဒဏ်ရာများ
အိပ်မက်ဆိုးတွေလား အိုး ...

လောဘသွေးများ မီးတောက်တွေ တောက်လောင်နေ
ဒေါသသွေးများ မီးညွန့်တွေ ထထတောက်/ မီးများတဟုန်းဟုန်းတောက်
ရင်မှာပူလောင်ခြင်း ဘယ်လို ငြှိမ်းသတ်ရမှာလဲ ဟေ့ ...

အန္တရာယ်ပြည့်နှက်နေတဲ့ လမ်းများ
အဆင်ခြင် ကင်းမဲ့စွာနဲ့ စွန့်စားသွားခဲ့သလား
ငါဟာ ငါ့ရဲ့ဘ၀ကို ပူလောင်စေခဲ့ပြီ အိပ်မက်ဆိုးတွေလား အိုး ...

ငါတစ်ယောက်တည်း ပူလောင်ပြီး လာရမှာလား
ငါတစ်ယောက်တည်း ပူလောင်ပြီး နေရမှာလား
ငါတစ်ယောက်တည်း ပူလောင်ပြီး သေရမှာလား

ဘယ်လိုငြိမ်းသတ်ရမှာလဲ

မာတိကာ သို့ .....