ဟိုတစ်ချိန်က နှင်းဆီ

နှင်းဖွဲနေတုန်း မင်းရဲ့ ငိုသံလားလေ
အရင်နေ့ရက်တွေ အခုထိ ပြန်လည်တမ်းတတုန်း
မင်းအရိပ်တွေလည်း ပန်းပွင့်အနီရောင်များအလယ်
ရင်ခုန်စရာ အပြုံးလေးရယ် မပျောက်ပြယ်ဘူး

နင်းလျှောက်နေကျ အိပ်မက်ဆန်တဲ့လမ်းလေး
ကိုယ်လွမ်းရင်းနဲ့ အခန်းရဲ့ အပြင်ကို ငေးမိတုန်း
မင်းမရှိတော့လည်း ပန်းပွင့်အနီရောင်လေးရယ်
အချိန်နာရီတွေကြားထဲမှာလည်း ပျက်သုဉ်း

တိမ်ရောင်တွေခြယ်တဲ့ ဆည်းဆာ
ဟိုတစ်ချိန်က နီရဲတဲ့နှင်းဆီ ရင်မှာလေ ကြေမွခဲ့ပြီ
ဟိုတစ်ချိန်က မျှော်လင့်ချက်နှင်းဆီ
ပြောင်းလဲသွားတဲ့ ပန်းလေးတစ်ပွင့်လို
အတိတ်က တို့ရဲ့ အချစ်တစ်ခုအတွက် ငိုရင်းလေ

ကိုယ့်ရဲ့ ရင်ထဲ ပန်းပွင့်အနီရောင်များအလယ်
ရင်ခုန်စရာ အပြုံးလေးသာ မပျောက်ပြယ်ဘူး

မာတိကာ သို့ .....