နေ၀င်ချိန်

ဒီနေ၀င်ချိန်ကို ဘယ်မေ့မလဲ အမှောင်ဝင်လာတယ် ဒီညထဲ
ရက်စက်တဲ့ စကားလုံးများနဲ့ ငါ့အသည်းကို ဖဲ့ခြွေခဲ့
နေချင်တယ်ဆို နေနိုင်ပါတယ် အမှောင်ဝင်လာတယ် ဒီညထဲ
ရက်စက်တဲ့ စကားလုံးများနဲ့ အသည်းကပဲ့ကြွေခဲ့ / ကိုပဲ့ကြွေခဲ့
အချိန်နာရီတွေ အကုန်မြန်နေခဲ့ ရာသီတွေလည်ပတ်ဆဲ
အဆုံးသတ်မဲ့ မေးခွန်းများအတွက် ငါ့အသည်းနှလုံးကကြေကွဲ
နေချင်တယ်ဆို နေနိုင်ပါတယ် နာကျင်နေသူ ကိုယ်တစ်ယောက်တည်း
အသက်မဲ့တဲ့ လမ်းခွဲလေးနဲ့ ငါကျောခိုင်းသွားချင်တယ်
လေပြည်တွေလို ညင်သာတဲ့ လှောင်ရယ်သံတွေချိုလွင်ဆဲ
တိတ်ဆိတ်တဲ့ နှလုံးသားလေးထဲ ဖြတ်သန်းလို့ တိုးဝင်ဆဲ

ဒိုင်ယာရီစာရွက်ဟောင်းများထဲမှာ ကျိန်စာသင့်သူ
နာကျင်စွာ ဒဏ်ရာနဲ့ အိပ်မက်များစွာ သန်းကောင်ယံမှာ ထင်ကျန်နေခဲ့

မာတိကာ သို့ .....