လမင်းနဲ့ပင်လယ်

ပင်လယ်ဟာကိုယ်ပါ အမှောင်တွေလာရင်
ရင်ခုန်စွာနဲ့ မျှော်လင့်မိတယ် လမင်းခြေသံ ဖြတ်လျှောက်သွားချိန်
ရင်ခွင်အလယ်မှာ လှိုင်းထန်သွားတယ်/ လှိုင်းများပြင်းထန် ပင်လယ်

ပင်လယ်လိုဆူညံ ကိုယ်ခေါ်နေပါတယ် ဒါပေမယ့်လည်း သူမကြားဘူးကွယ်
ပုံရိပ်ယောင်တွေ ထားရစ်ခဲ့တယ် ရှောင်ဖယ်ကာရယ် ပျောက်ကွယ်ပြီကွယ်

ငွေရောင်လမင်းလေး ဝေးကွာနေလည်း
မင်းရဲ့ အလှအပဟာ ရူးစေတယ်
အကြင်နာတွေဟာ ဒီလှိုင်းများလို
အော်မြည်ကာရယ် အပြေးလာနေတယ်
ငွေရောင်လမင်းလေး ဝေးကွာနေလည်း
မင်းရဲ့အလှအပဟာ ရူးစေတယ်
(ကိုယ်)မျှော်နေပါတယ် လမင်းလေးရယ်
ထာဝရငိုသံ အသည်းကွဲ (သီချင်းသည်) ပင်လယ်

ပင်လယ်ဟာ ဒါဏ်ရာ ဟန်ဆောင်ကာမနေနိုင်
ဆူညံပေါက်ကွဲ နက်ရှိုင်းမျက်ရည်
လမင်းဆိုတာ အေးမြအလင်းရောင်
မဆုံနိုင်တဲ့လမ်းမှာ တို့တွေ့ခဲ့ကြတယ်

ထာဝရငိုသံ အသည်းကွဲသီချင်းသည် ပင်လယ်
ငွေလမင်းရေ

မာတိကာ သို့ .....