သင်ခန်းစာ

မယုံချင်သူ ပုံပြင်လိုသာဆက်ပြီး မေ့ပစ်လိုက်မှာလား
မြင်နိုင်မယ်ဆို မီးတောက်တဲ့ နှလုံးသားကိုလေ စာနာမှာ
အကြင်နာတွေ ပန်းခင်းလေးအဖြစ် မင်းအတွက် ပွင့်ဝေခဲ့တာ
မင်းက နင်းချေစွန့်ကာ ထွက်သွားတော့မှာလား

မြေပြင်တွေ ပင်လယ်တွေ ကျော်လွန်ဖြတ်ပြီး ရှာဖွေကြည့်ပါ
ဘယ်လိုအရာမဆို ခဏလောက်တော့ လှပစွာခမ်းနား
ဂုဏ်တွေငွေတွေ ကျော်ကြားမှုအပြည့်နဲ့ ဘ၀ရဲ့ နောက်ကွယ်ထဲမှာ
အချစ်ရဲ့ ကွက်လပ်လေးကို ပြန်ပြီး အစားထိုးလို့ ရနိုင်မလား

ရင်ထဲက အချစ်စစ်အကြောင်းကို တစ်နေ့တော့ မင်းလေးသိမှာပါ
တန်းဖိုးဖြတ်မရတဲ့ အချစ်ကို တစ်နေ့တော့ မင်းယုံကြည်မှာပါ
ရင်ထဲက အချစ်စစ်အကြောင်းကို တစ်နေ့တော့ မင်းလေ နားလည်မှာ
ပြန်အစားထိုးလို့မရတဲ့အချစ်ကို တစ်နေ့တော့ မင်းကြုံလာမှာပါ

သူ ကြင်နာဦးမလား သူ ချစ်တတ်ဦးမလား
တစ်ချိန်မှာတော့ မင်း ခံစားတတ်မှာပါ
သူ ကြင်နာဦးမလား သူ ချစ်တတ်ဦးမလား
ကြုံမှာပါ အချစ် သင်ခန်းစာ

မာတိကာ သို့ .....