မိုးသည်းထဲမှာ

ရေ ... ရေ ... ရေ ...
မိုးဖွဲများဟာ ငါ့ရဲ့အရှေ့က အင်းလျားလမ်းပေါ် စီးဆင်းသွားပေါ့
လိုက်ကြည့်ရင်းနဲ့ ငါ့မှာ ကယောင်ချောက်ချား (အို ... ရေ ... )
ငါ့ရဲ့စိတ်ကို မခိုင်းရဘဲနဲ့ ရှေ့လမ်းမပေါ် ရောက်လို့သွားပေါ့
ခြေဦးတည့်ရာ လျှောက်လာမိနေတယ်
မိုးဖွဲများကို ဂရုမစိုက်ဘဲနဲ့ စိတ်ရှိအတိုင်း ငါလျှောက်သွားမလို့
လွမ်းမောမှုတွေ ခဏခွာချချင်တယ်
ဆုံးရှုံးဖူးတာ မင်းတစ်ယောက်တည်းမဟုတ်
ဖြစ်ခဲ့သမျှတွေ မေ့ပစ်လိုက်ဖို့ မိုးသည်းထဲမှာ လမ်းလျှောက်ရင်းနေမယ်

ဘာမဆို ကိုယ့်စိတ်ထဲကအတိုင်း ဖြစ်နိုင်ဖို့က မလွယ်ဘူး
မိုးစက်များလို လွင့်လိုက်ပေါ့ ဘာမှ မသိ

လား .... တို့လျှောက်သွားမယ် လား ..... ဒီလမ်းမကြီးရယ်
လား .... သီချင်းတစ်ပုဒ် ညည်းဆိုရင်း
စဉ်းစားတတ်တဲ့ စိတ်တွေ လွှင့်ပစ်လိုက်မယ်
အတိတ်က တို့ရဲ့ အဖြစ်တွေ မေ့ပစ်လိုက်မယ်
လား ..... မိုးသည်းတဲ့ အချိန်လေး

မင်းရဲ့အချစ်ကို မေ့ပစ်လိုက်ပြီ နောက်ထပ်အချစ်တွေ ရွေးချယ်ခွင့်ရှိလည်း
စွဲလန်းခြင်းတွေ အလွမ်းတွေ နားမလည်ချင်ဘူး ... ရေး ...
မေးခွန်းများစွာ လူ့ဘ၀ကြီးထဲ ရှင်းလို့မရတာ မေ့ပစ်ထားခဲ့မှ
ခြောက်သွေ့ခြင်းရဲ့ မီးတွေ သိပ်မလောင်ကျွမ်းမီ ... မီး ...

မိုးစက်များဟာ ငါ့ရဲ့ရှေ့က အင်းလျားလမ်းပေါ် စီးကျခဲ့ကြပေါ့
စည်းချက်တစ်ခုလို (တီတီတာတာ) ၃

လား ..... သီချင်းတစ်ပုဒ်ညည်းဆိုရင်း အားလုံး ကိုယ့်စိတ်ထဲကအတိုင်း
ဖြစ်အောင်လုပ်နိုင်ဖို့ မလွယ်ပါဘူး / ဖြစ်အောင်မလုပ်နိုင်ဖူးဟေ့
လွှင့်ပစ်လိုက်မယ် မေ့ပစ်လိုက်မယ် လာ ..... ဒီမှာ ငါတစ်ယောက်တည်း
ရင်နာစရာတွေကို မေ့မယ် မေ့မယ် မိုးသည်းထဲ
လား ..... သီချင်းတစ်ပုဒ်ညည်းလိုက်ရင်း
အတိတ်က တို့ရဲ့ အဖြစ်တွေ မေ့ပစ်လိုက်မယ်
ငါတစ်ယောက်တည်းပဲဟေ့

မာတိကာ သို့ .....