မင်းကျောင်းမတက်တဲ့နေ့

ဟေ့ ဘေဘီ မနေတတ်ဘူး ကိုယ့်မှာတကယ်မလွယ်ပါလား
အတွေးလေးတွေးတိုင်း စိုးထိတ်မဖြစ်တော့ဘူး
မင်းရဲ့ ထိုင်ခုံဆီကြည့်တော့ ကွက်လပ်လေးက ကိုယ့်ကိုလှောင်တယ်
ကိုယ့်မှာ သိပ်တွေ့ချင်လို့ ကျောင်းမှာလိုက်ရှာတော့ မင်းကိုလည်း မတွေ့ရဘူး
ကိုယ်အရမ်းလွမ်းနေပြီ အချစ်ဆုံးသိရဲ့လား

ရင်ခုန်သံတွေဟာ မင်းဆီကို လွင့်သွားခဲ့လို့
ကိုယ့်ရင်ခွင်ငယ်လေး ဆွေးပြီးတော့ဆွေး ချစ်သူရယ်
ဒီနေ့ မင်းစိတ်နဲ့ အသက်ရှင်ရင်း

ဆုံနေကြ မြင်နေကြ သူငယ်ချင်းတွေကြား
(ဒီအဖော်တွေရဲ့ကြား) (အပေါင်းအသင်းများရဲ့ကြား)
လာနေကြ ပြန်နေကြ ဒီလမ်းလေးများထဲမှာ
(လမ်းလေးတွေများထဲ)(ဒီလမ်းလေးတွေများထဲ)
ဝင်နေကြ ထိုင်နေကြ ဒီဆိုင်တန်းတွေနား (ဒီဆိုင်တွေရဲ့နား)
ကိုယ့်တစ်ယောက်တည်း မင်းမပါဘဲ မသွားချင်ဘူး ချစ်သူလေး
ကိုယ့်ရင်ထဲ လှမ်းကြည့်ဦး ကိုယ်တကယ်ပါ
လွမ်းလို့အချစ်ရေ (ကိုယ်တကယ်ကိုလွမ်းနေ)

မင်းရယ်သံလေး မင်းကိုယ်ငွေ့လေး မရှိလို့မဖြစ်ပါ မချစ်လေး
အရိပ်လိုမျိုး မမြဲနေပါ ကိုယ့်ရဲ့ဘေး ခဏလောက်တောင် မဝေးချင်ဘူး
မင်းရဲ့ ထိုင်ခုံဆီကြည့်တော့ ကွက်လပ်လေးက ကိုယ့်ကိုလှောင်တယ်
ကိုယ့်မှာ သိပ်တွေ့ချင်လို့ ကျောင်းမှာလိုက်ရှာတော့ မင်းကိုလည်း မတွေ့ရဘူး
ကိုယ်အရမ်းလွမ်းနေပြီ ဘာလို့ မင်းကျောင်းမတက်လည်းဟေ့

ဒီအချိန်မှာ ရင်ခုန်သံတွေဟာ မင်းလေးရှိတဲ့ အနားမှာ
လွင့်ဝဲ ဆွေးပြီးတော့ဆွေး ချစ်သူရယ်
ဒီနေ့ ကိုယ် မင်းစိတ်နဲ့ အသက်ရှင်ရင်း

အချစ် ... ရေ

မာတိကာ သို့ .....