ကာတွန်း

ချိန်းတဲ့နေရာများ ရောက်ရောက်မလာလို့ မင်းစိတ်ဆိုး
ကာတွန်းကားကြည့်ပြီး နောက်ကျတာမို့ မင်းထိုင်ငို
အမြဲတမ်း ဒါမျိုး ဖြစ်ဖြစ်နေလို့ မင်းဖြတ်သွား
မီနီမောက်စ်နဲ့ တူလို့ မင်းကို ငါက ကြိုက်တာပါ
အချိန်ကုန်ပါတယ် လိုက်မချော့အား တွမ်အင် ဂျယ်ရီပဲ ကြည့်မှာ
ပေါ့ပ် အိုင်းရှိုးကတော့ လက်မလွှတ်ပါ စကူပီဒူပီ ရယ်စရာများ
ဂျော်နီဘရာဗို သိပ်ကြိုက်သွား ဒက်စ်တာဆိုတာ ငါ့အချစ်ပါ
ရည်းစားပြတ်လို့ စိတ်မညစ်ပါ တွီတီနဲ့တူတဲ့ တစ်ယောက်ကို ရှာရမှာ
ငါ့အခန်းနံရံက မင်းဓါတ်ပုံများ ဆွဲကာခွာ
ဒေါ်နယ်လ်ဒတ်နဲ့ စနိုးဝိုက်ပုံများ ကပ်နေတာ
အမြဲတမ်း ဒါမျိုး လုပ်လုပ်နေလို့ မင်းဖြတ်သွား
မီနီမောက်စ်နဲ့ တူလို့ မင်းကို ငါက ကြိုက်တာပါ
မာတိကာ သို့ .....