မငြိမ်းသောမီး

ဒီကကမ်းလိုက်တဲ့ တို့လက်ကို မင်းဆုပ်ချင်ဆုပ် ပုတ်ချင်ပုတ်
ဒါပေမယ့် လှမ်းခဲ့တဲ့ တို့ရဲ့လက်ကို မရုတ်
ရင်ခွင်ကြားစေ့စပ်ပွဲပျက်တဲ့ အဆုံး ရှိုက်လိုရှိုက် ပြုံးချင်ပြုံး
ဒါပေမယ့် လွမ်းတတ်တဲ့တို့ရဲ့ဘက်က မမုန်း
တို့ရဲ့အချစ်ဟာလေ မစိမ်းကားတတ်ပါဘူး အချစ်ရဲ့အဘိဓမ္မာမှာ
ပိုင်ဆိုင်ရမှ မင်းကို ချစ်မယ်လို့များ ထင် ထင်နေသလား
မျှော်ခါလွမ်းမိတဲ့ ညဘက်ဆို တေးရေးချင်ရေး ဆိုချင်ဆို
ဒါပေမယ့် စပ်ခဲ့တဲ့တေးသွားပိုဒ်တွေ မချို
ရင်ခွင်ကြားမှေးစက်ခွဲထွက်ဖို့ အဆုံး မုန်းချင်မုန်း စိမ်းချင်စိမ်း
ဒါပေမယ့် ညှိခဲ့တဲ့မီးစ အချစ်ဟာ မငြိမ်း
တို့ရဲ့အချစ်ဟာလေ မပြောင်းလဲတတ်ပါဘူး အချစ်ရဲ့အဓိပါယ်မှာ
အတူနေရမှ မင်းကို ချစ်မယ်လို့များ သြော် ထင် မြင်နေသလား
တို့ရဲ့အချစ်ဟာလေ မယိမ်းနွဲ့တတ်ပါဘူး မင်းရဲ့အမုန်းတွေကြောင့်
ဖြူစင်ရာက စွန်းထင်သွားမယ်လို့များ သြော် ထင်မြင်နေသလား

Typed by s_patato
မာတိကာ သို့ .....