အပယ်ခံ

ကတ္တီပါတွေဖုံးအုပ် လှပတဲ့ရွှေဓါးနဲ့ နင်ငါ့ကို သတ်နေတာလားဟေ့
မင်းအချစ်ကို ယုံစားရင် သံသယတွေ မထားခဲ့ဘူး
ငါဟာ အလုပ်ကြံခံရမလားဟေ့

ဆိုးတယ် ဆိုးတယ် ငါဟာ သိပ်ရှက်တယ်
ငါဟာ အသက်ရှင်နေတာတောင် ငါဟာ သေနေခဲ့တယ်
ငါ့ဘ၀ဟာ အဓိပ္ပါယ်မရှိဘူး ငါ့ဘ၀ဟာ အလကားပဲ
ငါအလကားပဲ ... ဆိုးတယ် ...
ဘယ်အထိအောင် ဆက်ခံရမလဲ အပယ်ခံပါ ငါ့ဘ၀အရှုံးသမား
ကြည့်စမ်းဟေ့ ... အလကားပဲ

ရှိသမျှတွေ အကုန်ဆုံးရှုံး နောက်ထပ်တစ်ခါ ထပ်မရဘူး
ဘယ်လို ငါ့ကံကြမ္မာတွေလဲ / မှောင်မိုက်တဲ့ ငါ့ကံကြမ္မာတွေပဲ
ကတိတစ်ခုကို တန်ဖိုးမထား
နင်ငါ့ကို လှည့်မကြည့်ဘူး / ငါ့ဘ၀ကို လှည့်မကြည့်ဘူး
မင်း သစ္စာဖောက်နိုင်တာ မယုံဘူးဟေ့

ဆိုးတယ် ဆိုးတယ် ငါဟာ သိပ်ရှက်တယ်
ငါဟာ အသက်ရှင်နေတာတောင် ငါဟာ သေနေခဲ့တယ်
ငါ့ဘ၀ဟာ အဓိပ္ပါယ်မရှိဘူး ငါ့ဘ၀ဟာ အလကားပဲ
ငါအလကားပဲ ... ဆိုးတယ် ...
ဘယ်ထိအောင်ဆက်ခံရမလဲ အပယ်ခံပါ ငါ့ဘ၀ အရှုံးသမား
ကြည့်စမ်းဟေ့ ... အလကားပဲ

မာတိကာ သို့ .....