ပြန်မရဘူး

အသုံးမကျတော့တဲ့ ငါ့နှုတ်ခမ်းတွေ
ငါပြန်စမ်းသပ်ခဲ့ ဘာမှ သုံးစားမရတဲ့ လက်မှတ်အဟောင်းလိုလေ
စကားများ ဆွေးမြေ့မှိုတက်နေ
အရာရာပြီးဆုံးခဲ့ မြေပေါ်လောင်းချခဲ့လေတဲ့ ရေတစ်ခွက်

မင်းရင်ထဲမှာ အချစ်ကို ရှာကြည့်နေ
မင်းရင်ထဲမှာ အချစ်ဟာရှာလေဝေး

အိုး ထွေးဖက်ထားတဲ့ လက်တွေကြား
အချစ်ဟာ ခုန်ဆင်းပြေးထွက်သွားတာ ပြန်မတွေ့သူ
အို အိပ်မက်ကောင်းစဉ် အချစ်တွေက / ကြည့်လိုက်
အငွေ့ပြန်ပျောက်ဆုံး နိုးထတဲ့အခါ ပြန်မရဘူး ပြန်မရသူ

နွေးထွေးဖူးတဲ့ သူ့အပြုံးတွေ
အားကိုးမရခဲ့ ကိုယ်တိုင်နစ်မြုပ်သွားခဲ့ပြီ မင်းရဲ့ စက္ကူလှေ
အခုတော့ အပြစ်ရှာ မျက်လုံးတွေ
အို ရင်ကို ထွင်းဖောက်လို့ ဒီအချိန် အချစ်မရှိတဲ့အခါ အပြစ်တို့ရောက်

အချစ်မဲ့ ဒီည ငါဟာ တစ်ယောက်တည်း လမ်းမကြီးပေါ်လျှောက်လာ
မင်းသိနိုင်မလား ငါဟာကြေကွဲ အတိတ်က အချစ်ကိုတမ်းတ
အသုံးမကျတော့တဲ့ ဒီအချစ်ကို
မင်းလေးထားရစ် ဒါဟာ အဆိပ်ဖြစ်ခဲ့ပြီ မင်းအတွက်အလကားပါလေ
ငါ့အတွက် အလွမ်းတို့ ဖုန်ထနေ
တစ်နေ့တော့ တဖြည်းဖြည်း သွေးအေးသွားမယ်လေ

ပြန်မတွေ့သူ ... အချစ်ပျောက်သူ ... အိုး ... အချစ်ပျောက်သူ ...
အချစ်ပျောက်သူ ... ပြန်မတွေ့သူ ...

မာတိကာ သို့ .....