သားကြီး

ဒီတစ်နှစ်တော့ လွဲသွားပြန်ပြီ ထင်ပါတယ်
တစ်ယောက်တည်းကြိတ် အရှက်ရခဲ့တာ လူတွေမသိခဲ့
မှိန်ဖျော့တဲ့ အပြုံးနဲ့ သံယောဇဉ်အကြည့်နဲ့
ကြင်နာသူလေးက နှစ်သိမ့်တယ်

မျှော်လင့်ချက်ကတော့ အရောင်ပိုမှိန်လာတယ်
သူငယ်ချင်းကမေးတော့ ကျွန်တော် ရင်ခုန်လာတယ်
တူ တူမများနဲ့ ညီ ညီမများရဲ့ ငင်နေတဲ့ ကြိုးကတင်းလွန်းတယ်

အစ်ကိုကြီးတော့ အဖရာ လိုအပ်ချက်တိုင်းမှာ / မိသားစုပြဿနာ
အမေ့နားမှာ အမြဲတမ်းရှိနိုင်ဖို့ကြိုးစား
အမေကတော့ပြောတယ် ကျွန်တော်အသက် ဘယ်လောက်ကြီးလဲ
အမေ့အသိမှာ ကလေးပဲ ရှိသေးတယ်

ကျွန်တော့်ခေါင်းကလေး ပွတ်သပ်ကာလေ အမေရယ် ကျီစယ်
အမေ့အနားမှာ အမြဲတမ်းရှိနေမှာ ဒီသားပဲ
အမေ့နှုတ်ခမ်းက ပြုံးလည်း ကြေကွဲတဲ့အကြည့်အတွက်
ကျွန်တော်စကားတွေ အမြဲတမ်းဆွံ့အဆဲ

အစ်ကိုကြီးတော့ အဖရာ မိသားစုအရေးမှာ
ရှေ့တန်းက မတ်မတ်ရပ်တည်နိုင်ဖို့ကြိုးစား
အမေကတော့ ပြုံးတယ်
အဖေနဲ့ အမေအတွက်တဲ့ ချန်နေမယ့် သားကြီး ရှိသေးသတဲ့

မာတိကာ သို့ .....