နိမိတ်ပုံ

နှင်းများကြား သစ်ရွက်များက ခြောက်သွေ့လွန်းတယ်
ဘာကြောင့်များ တိမ်လွှာပြင်ဟာ ကွဲအက်လွန်းတယ်
နိမိတ်ပုံလေလား တွေး မြူတွေဆိုင်းစဉ် မိုးရွာမလားလေ

မင်းမျက်ဝန်း ကန်ရေပြင်လိုကွယ် ငြိမ်သက်လွန်းတယ်
ဘာကြောင့်များ အကြင်နာရင်ခွင်ရယ် အေးစက်လွန်းတယ်
နိမိတ်ပုံလေလား တွေး ဝေဒနာအရိပ်တွေ ခွဲခွာမလားလေ

သွားတော့ ... ငါ့မျက်ရည် မနှစ်သိမ့်ခဲ့နဲ့တော့
သွားတော့ ... အမှားအယွင်းတွေ ရှာဖွေမနေနဲ့တော့
သိနေနှင့်ပါတယ် ဇာတ်လမ်းကို နင်းသိမ်းမယ်/ မယ့်
ဒီမျက်ဝန်းတွေ ခန်းခြောက်ခဲ့တဲ့အချစ်/ ကုန်လွန်ခဲ့တဲ့အချစ်

မာတိကာ သို့ .....