အချိန်တိုင်းမင်းအတွက်

မင်းပျော်နေရင် ကိုယ်လည်းလိုက်ပျော်ပါ့မယ်
မင်းစိတ်ညစ်ရင် ကိုယ်နှစ်သိမ့်ပေးပါ့မယ်
မင်းငိုင်နေရင် မင်းအနားအားပေးမယ်
မင်းပြုံးနေရင် အရာရာ အားလုံးအေးချမ်းမယ်
ရင်မှာ မွေးဖွားတဲ့ အချစ်များစွာ မင်းအတွက်ပါ
အလိုရမ္မက်မပါတဲ့ အချစ်များဟာ မင်းတစ်ယောက်သာ
ဖြူဖြူစင်စင် မင်းပဲချစ်နေမှာ

ကြင်နာခြင်းများနဲ့ တည်ဆောက်တဲ့အချစ်များဟာ
ရင်မှာ သိမ်းထား မင်းအတွက်ပါ
ကြင်နာခြင်းများနဲ့ အားပေးစောင့်ရှောက်ကာ
အချိန်တိုင်း မင်းအတွက်ရှိနေမှာ

စံပီး နှင့် အစောင်းမန်း ကူညီ သီဆိုသည်။

မာတိကာ သို့ .....