မဇ္ဈိမ

ကမ္ဘာမြေပြင်ရဲ့ စောင်းကြိုးများ ပဉ္စသိင်္ခတီးခတ်ပြ
သာယာနာပျော် မဇ္ဈိမ ရှာဖွေကြစို့ လမ်းတွေ
မာန်တွေဂုဏ်တွေ တင်းမလား
အရာရာကို အလျှော့ပေးသွားမလား
မြေပုံမပါတဲ့ တို့ရဲ့ဘ၀ ရှာဖွေကြစို့ လမ်းတွေ

အလယ်အလတ်လမ်းပဲ အစွန်းများ လွတ်အောင် သွားကြစို့နော်
အလယ်အလတ်လမ်းပဲ မိတ်ဆွေသွားစို့နော်

ကမ္ဘာပေါ်မှာ လူသားတို့ရဲ့ နေပုံထိုင်ပုံနည်းများထဲ
ပုံစံတွေက အမျိုးမျိုးပဲ ရှာဖွေကြစို့ လမ်းတွေ
မှန်မှန်ကန်ကန်သွားရင်းတို့ လမ်းမှားထဲ ရောက်ခဲ့တော့
သံစဉ်တွေနဲ့ ထိန်းသိမ်းခဲ့ ရှာဖွေကြစို့ လမ်းတွေ

အလယ်အလတ်လမ်းပဲ အစွန်းများ လွတ်အောင် သွားကြစို့နော်
အလယ်အလတ်လမ်းပဲ မိတ်ဆွေ/အချစ်ရေ သွားစို့နော်

လူသတ္တ၀ါတွေ ကောင်းကျိုးအတွက် ထာဝစဉ်မှန်ကန်လွန်းလှတဲ့
ကယ်တင်သွန်သင် ဗုဒ္ဓရဲ့ ရှာဖွေကြစို့ လမ်းတွေ

ကိုယ်တိုင်သင်ယူ စောင်းကြိုးသွား ရှင်တော်ရှင်တော် မြတ်ဗုဒ္ဓရဲ့
ပေါ်တော်မူရာ မဇ္ဈိမ ရှာဖွေကြစို့ လမ်းတွေ

အလယ်အလတ်လမ်းပဲ အစွန်းများ လွတ်အောင် သွားကြစို့နော်
အလယ်အလတ်လမ်းပဲ မိတ်ဆွေ သွားစို့နော်

မဇ္ဈိမဒေသကို ပူဇော်ကြ
မဇ္ဈိမဒေသရဲ့ တေးသွားများ
မဇ္ဈိမဒေသကို ပူဇော်ကြ
မဇ္ဈိမဒေသရဲ့ တေးသွားများ

(ရေပြင်ပေါ်မှာ မြေပြင်ပေါ်မှာ မြင့်မြတ်လှတဲ့ မဇ္ဈိမလေ
လူတွေကို လူတွေကို လမ်းလမ်းလမ်းပဲ ပြနေ)၃

Typed by ရန်အောင်
မာတိကာ သို့ .....