ဖန်ဆင်းခွင့်

အိမ်လေးဘက် ပြန်မျှော်ကြည့်ပြီး သိပ်လွမ်းတဲ့ညတို့ဆို
အဖော်မဲ့တဲ့ ကြယ်မှုံလေး ရင်မှာ အားကိုးမိတာ သီချင်းလေးတစ်ပုဒ်
ညများ ဂီတာလွယ်ပြီး စိတ်ကူးလေး ရွက်လွှင့်မလို့
သီချင်းလေးရယ် ကူပါဦး

လောကကြီးကို လှဖို့ ဒီမိုးသားအောက်မှာ သီချင်းလေးဆိုချင်
ကျွန်တော့်ဘ၀လေးကိုရင်းလို့ ဖန်ဆင်းခွင့်ပေးပါဦး

သံစဉ်တွေကို သယ်ဆောင်ရင်း ပျံတက်စ ဘ၀ငှက်ငယ်
ဝေဟင်ပေါ် လေဆန်တွေကို ကျော်ဖြတ်ရင်း အကောင်းဆုံးမျှော်လင့်မိ
ဘယ်ဆီဘယ်ဝယ်ဘ၀လေး ချွေးသိပ်ရမလဲမသိ
သီချင်းလေးရယ် ကူပါဦး

(မိုးသားအောက်မှ သီချင်းလေး ကျွန်တော်သီချင်းလေးဆိုချင်) ၃
(သီချင်းလေး ..... သီချင်းလေးဆိုချင်) ၃

မာတိကာ သို့ .....