လမျက်နှာ ပုန်လျှိုးကွယ်တော့ ခရီးဆိုး မှောင်သောလမ်းလေး
စမ်းတ၀ါး လှမ်းသွားရင်ထိတ် ညဥ့်ငှက်တစ်ကောင် အသံတွေပေး
နှလုံးသွေးများ အေးခဲသွား ငါ့လိပ်ပြာ အမှောင်မှာ အားမွေး
တအားကြိတ်မှိတ် လှမ်းသွားတော့ ခရီးဆုံးရောက်ဖို့ ဝေး
ည ..... မည်းနက်လို့ .... နိမိတ်ရိုင်း ည ..... မည်းနက်လို့
တစ်ခုခုတော့ နားထဲမှာသိ ညည်းတွား ခေါ်သံလားပဲ
ဆိုးဝါး ဘယ်သူမှ မရှိ ငါ့စိတ်က ချောက်ခြားဆဲ
ငါ့အိတ်ထဲ လက်နှိုက်ရှာကြည့် အလင်းတစ်ခုမှ ရှာဖွေမရခဲ့
ငါ့အရှေ့ဘက် ရုတ်တရက်ငါအကြည့် ရပ်စောင့်နေ အရိပ်တစ်ခုတော့တွေ့
စောင့်နေတယ်ဟေ့ တဖြည်းဖြည်း ..... နဲ့
ည ..... မည်းနက်လို့
ဝိုးတ၀ါးနဲ့ ကြယ်ရောင်တွေ ဆောင်နေ အရိပ်အောက်က မင်းဘယ်သူတုန်း
ည ..... မည်းနက်လို့
ရပ်စောင့်နေ ဘယ်သူလဲ ငါမသိ တဖြည်းဖြည်း ... နဲ့
ည ..... မည်းနက်လို့ နိမိတ်ရိုင်း ည ..... မည်းနက်လို့
တဖြည်းဖြည်းနီးလာ တဖြည်းဖြည်းနီးလာ
ငါပြေးစရာ မြေမရှိ ပြေးဖို့မြေမရှိ
ခဏတော့ သိရမှာ ခဏနေတော့ သိမှာ
ငါ့စိတ်က ရန်သူလို မိတ်ဆွေလို တစ္ဆေတစ်ကောင်လို ဘာတစ်ခုမှမသိ
အဆုံးအစမဲ့ ၀ိုးတ၀ါးနဲ့ည အမှောင်မှာ သေချာတာ ဘာတစ်ခုမှမရှိ လှမ်းခဲ့ပြီဟေ့
ဝိုးတ၀ါးနဲ့ ညဥ့်လယ်ယံ အမှောင်တွေ အရိပ်အောက်က မင်းဘယ်သူတုန်း
အလင်းမိုက် ည ..... မည်းနက်လို့ နိမိတ်ရိုင်း ည ..... မည်းနက်လို့ အလင်းမိုက်
မာတိကာ သို့ .....