အားယားနေလို့ပါ

သံစဉ် - အရိုး

ဟား ... ဟား ... ဟား
ပြားပြီးကပ်နေတဲ့ ငါ့အိတ်ကပ်ထဲမှာ ဘာမှမရှိ
မိုးလင်းလိုက်တာနဲ့ လမ်းမပေါ်ရောက်တာ ငါဘာလုပ်မှာလဲ
ကမ္ဘာပေါ်မှာရှိနေတဲ့ လူတွေတိုင်းဟာ
ပုံမှန်လည်ပတ်နေတာ အသားကျပြီးသား

ဒီလိုဆို ငါ့ကိုငါ တစ်ခါပြန်စဉ်းစား
ကမ္ဘာပေါ်မှာ အားနေတာ ငါတစ်ယောက်တည်းလား

ဟိုအပြင်မှာ ဖြစ်ပျက်သမျှကိစ္စ အကုန်လာပြောပါ ငါအားယားနေလို့ပါ
နေရာတကာ ဖြစ်သမျှကိစ္စ လာသာပြောပါ ဖြေရှင်းပေးချင်လို့ပါ
လူတွေလို ပြုံးပြ မဲ့ပြ ငိုပြစမ်းပါ ငါအပျင်းကြီးနေလို့ပါ

စုတ်ပြတ်သတ်နေတဲ့ လူမျိုးပေါင်းစုံကြားမှာ လျှောက်သွားနေချင်
ဖိတ်ဖိတ်လက်နေတဲ့ လူမျိုးပေါင်းစုံကြားမှာ လှုပ်ရှားနေရင်း
ကမ္ဘာပေါ်မှာ ရှိနေတဲ့ ကောင်မလေးတွေ
တစ်နေကုန်ကို လှနေအောင် ကြိုးစားရင်းလေ

အားယားလို့နေတဲ့ ဦးနှောက်တွေထဲမှာ ဘာရှိနေလဲ
အားယားလို့နေတဲ့ ငါ့ရဲ့ကိုယ်ထဲမှာ ဘာရှိမှာလဲ
ကမ္ဘာပေါ်မှာရှိနေတဲ့ အစာအိမ်တိုင်းဟာ
ဝင်လာသမျှတိုင်းကို ချေဖျက်ဖို့ကြိုးစား
ဣနြေ္ဒရှင် ငါ့အစာအိမ် ငါပြန်စဉ်းစား
ကမ္ဘာပေါ်မှာ အားနေတာ ငါတစ်ယောက်တည်းလား

မာတိကာ သို့ .....