စိတ်ကူးသက်သက်များ

သံစဉ် - ညီညီသွင်

ရေပေါ် ခြေလှမ်းတိုင်း အရိပ်ထင်
လေကိုကိုင်ယူပြီး ဖမ်းဆုပ်နိုင်မယ်ဆိုရင်
အကြိမ်ကြိမ်ပြစ်မှားခဲ့သမျှကို တစ်ကြိမ်သာပြန်လည်ပြီး
ခွင့်လွှတ်နိုင်မယ်ဆိုရင်
ငါပိုင်တဲ့ နှလုံးသားကို လှီးထုတ်ချင်တယ်
ခံယူချက်တချို့တစ်ဝက်ဟာ သွေးပျက်နေတယ် (ဘယ်လိုလဲ)

နောက်ဆုံးမှာ ဝေးကြရမှာလား အိပ်မက်တွေထဲက နေ့ရက်များ
လက်တွေ့ကျ မဖြစ်နိုင်တော့ဘူး

ငါ့နောက်ကို မလိုက်ခဲ့နဲ့ မလိုက်ကြနဲ့
ဘယ်လိုရှင်းပြရမလဲ ငါ့နောက်ကို မလိုက်ခဲ့နဲ့
မလိုက်ကြနဲ့ ဘယ်လိုတားလို့ရမလဲ မတွေးတတ်တော့ဘူး

မာတိကာ သို့ .....