ဘာမှမသိ

ဘာတွေလဲ ဘယ်လိုလဲ ခွဲခြားမသိချင် ဆန်းစစ်ဖို့လည်းမလိုဘူး ဒီရင်မှာ
လိုအပ်ချက်များလွန်းတဲ့ အချစ်စိတ်ရိုင်းများအတွက်

ဘာတွေလဲ အချစ်ရဲ့အကြောင်းကို နားမလည်ချင်ဘူး
ပေးဆပ်ခြင်းထက် လိုချင်တာပဲသိတယ် မင်းနှလုံးသားထဲရှိသမျှ
အရာအားလုံးအကုန်ရချင်တယ်

ငါဘာဆိုဘာမှမသိ ရေး ... ရယူခြင်း စိတ်တွယ်ငြိ
မင်းအချစ်တွေ နောက်ထပ်လည်းမျှော်နေမိ အို ... အမြဲတမ်းတောင့်တ
လိုအပ်ချက်များ ရင်ထဲအဆုံးမသတ်ခဲ့ ငါ အရူးမူးဝဲလည်
ချစ်ခြင်းရဲ့ ကွန်ယက်ထဲ ငါ ဘာဆိုဘာမှမသိ မသိတော့ဘူး

ငါတစ်ကိုယ်ကောင်းဆန်နေမလား မတွေးတတ်တော့ပါ
သုံးသပ်ဖို့လည်း စိတ်မကူး (သုံးသပ်ဖို့ မစဉ်းစား) သေချာတဲ့
မင်းအချစ်နဲ့ နှလုံးသားလည်း ငါ့တစ်ယောက်တည်းသာပေးအပ်လိုက်

ဘယ်သူက ငါ့အချစ်ကို နားလည်မှာလဲ ငါ့ရဲ့ အချစ်ကိုယ်တိုင်လည်း
နားလည်ဖို့ခက်နေတုန်း ချစ်တတ်ခဲ့ဖူးရင် စာနာလိမ့်မယ်

ငါလိုက်လို့မဆုံး အချစ်ရဲ့အဆုံး ရှာဖွေမတွေ့ခဲ့ ငါလိုအပ်ဆဲ
အချစ်က သိပ်များလွန်းခဲ့တယ် (မင်းအချစ်များ) နောက်ထပ်လည်းပေးပါဦး

ရင်ထဲအဆုံးမသတ်ခဲ့ ငါ အရူးအမူးဝဲလည်
ချစ်ခြင်းရဲ့ ကွန်ယက်ထဲ အချစ်အတွက်
ငါ ဘာဆိုဘာမှမသိ ... ရေး ... ငါ ဘာဆိုဘာမှမသိ ... ရေး ...
မင်းပဲ ရင်မှာငြိ ... မသိတော့ဘူး ... မသိချင်ဘူး

မာတိကာ သို့ .....