အသိအမှတ်ပြုပါ

ဒီရင်ခွင်အလယ်မှာ အချစ်ဆောင်းနှင်းမိုးစက်တွေ
ဟိုစဉ် အချိန်တွေတုန်းကလို ဝေနေဆဲ
တကယ်ကြွေနေသူတစ်ယောက်ရဲ့ ရိုးသားတဲ့အချစ်ကို
ဘယ်တော့များမှ အသိအမှတ်ပြုနိုင်မယ် ငါစောင့်ကြည့်ဆဲလေ

အို ... ဒီဇင်ဘာရယ် အလွမ်းမိုးစက်ပွင့်တို့ရယ်
အချိန်ရာသီတွေလည်း ပြောင်းနေပေမယ့်လည်း
တကယ် ကြွေနေသူရဲ့ ပြောင်းလဲမသွားတဲ့ အချစ်တွေ
မင်းလေးတစ်ယောက်တည်းအတွက်မို့ ယူပါကွာ မငြင်းနဲ့တော့လေ

ယုံကြည်စွာ ကြင်နာပါ မင်းလေးအတွက် ငါဟာ တကယ်အချစ်တတ်ဆုံး
စောင့်ခဲ့ရ အချိန်တွေ ပြန်ငဲ့ကြည့်လိုက်ဦး
ဒီပေးဆပ်မှုများအတွက် ပြန် နှစ်သိမ့်မယ်အဖြေ မင်းပေး
အနွံတာခံကာ ချစ်ခဲ့ရတာတွေ နင်လည်းသိတယ် မစဉ်းစားနဲ့
သေချာတဲ့ အဆုံးအဖြတ်ပေးခဲ့ နင် ငါရဲ့ ချစ်ခြင်းများကို အသိမှတ်ပြုပါ
မိန်းကလေး ... မိန်းကလေး ...

မျှော်နေမယ်လေ ... မင်းရဲ့ အချစ်မိုးစက်တွေ
ဘယ်အချိန်မှာများ ငါ့အပေါ် ရွာချမှာလည်း
တကယ်ကြွေနေသူရဲ့ စောင့်ကြည့်ရတဲ့ အဖြစ်ကို (နင်အသိအမှတ်ပြုလိုက်ပါ)
နှလုံးသားနဲ့ အသိအမှတ်ပြု စာနာပါ မငြင်းနဲ့တော့လေ

မာတိကာ သို့ .....