ဟင်းလင်းပြင်ထဲမှာ

မနေ့တုန်းကလား ဒါမနက်ဖြန်လား မမှတ်မိလောက်တော့ သိပ်ညံ့ဖျင်းတယ်
ငါမသိနိုင်ဘူး ငါမရှိနိုင်ဘူး ဒီရင်ထဲက မင်းမှ ပြန်မထွက်တော့
ကိုယ်ပိုင်ဦးနှောက်ထဲက ဟင်းလင်းပြင်နဲ့
နှလုံးသား အမာရွတ်တစ်ခု ထင်ကျန်နေဆဲ အချစ်
ရင်ကို လှုပ်နိုးခဲ့ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့ သုညတစ်ခု ရင်မှာ ငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ နေရာပေးခဲ့မိတဲ့ ငါ့အပြစ် ငါခံမယ်
ပန်းချီကားပေါ်က နင့်အပြုံးတွေလား လူတွေမရှိတုန်း ခိုးနမ်းလိုက်တယ်
ငါမသိတော့ဘူး ငါမရှိတော့ဘူး
ဘာကိုမှ မပြောဘဲ မင်းစကားသံထဲမှာ ငါငြိမ်သက်ခဲ့
အရာရာ မေ့ပစ်ဖို့ အတတ် တတ်ခဲ့ပေမယ့်

မာတိကာ သို့ .....