တစ္ဆေ

မှောင်နေတဲ့ ညကမ္ဘာတစ်ယောက်တည်း အသည်းကွဲ ကမ္ဘာကြီး လဲပြိုခဲ့
ငါ့အတွက် ဘယ်သူလဲ အရှေ့ဆီမှာ မှန်အိမ်လေး ဆွဲကိုင်ထား
လက်ကမ်းလို့ လှမ်းပြီးခေါ်နေဆဲ အိပ်မက်လား
အတိတ်က အရိပ်တွေ မပျောက်သေးပါ ငါပြန်တွေး တွေးရင်း ကြောက်လန့်နေဆဲ
အချစ်ဆိုတာဟာ အဆုံးတစ်နေ့မှာ ငါ့ဘ၀ဖျက်ဆီး မာယာတွေကို ငါမယုံဘူးဟေ့

ဒါအချစ်လား ပြန်ထွက်သွားတော့ ငါ အလိုမရှိပါ
မင်းနဲ့ထပ်မဆုံချင် တစ္ဆေလိုအချစ်လား
ခြောက်လန့်ဆဲ ဒဏ်ရာများစွာ ဒါဟာ တစ္ဆေလို အချစ်လား

ခမ်းနားနန်းတော်တစ်ခု အလှဆုံးသော သက်တံများ
သူဖန်ဆင်းပြီး ဆွဲဆောင်နိုင်ခဲ့ ဒါအချစ်တဲ့
ဒါပေမယ့် အဆုံးသတ် တစ်နေ့မှာ အရာရာကွဲပျက် ငရဲဘုံလား
အသည်းထဲမှာ စူးနစ်ဝင်ခဲ့ပြီ အဆိပ်လူးမြား

ဒါအချစ်လား ... နင်ပြန်ထွက်သွား ...
ခြောက်လန့်ဆဲ ဒဏ်ရာများစွာ ဒါဟာ တစ္ဆေလို အချစ်လား

မာတိကာ သို့ .....