ငါ့အဖြစ်တွေ

သံစဉ် - Elde

အေးစက်တဲ့နွေ ခါးသီးတဲ့ရေ ခြောက်ကပ်ကပ် ခုံတန်းပေါ်က ငတေ
နိမ့်ကျတဲ့ မြူခိုးရဲ့ အဘိဓာန် အလင်းပျောက်တဲ့ တောင်တန်းပျက်ကြီး အဖြေ

ရရှိလိုက်တဲ့ စိုးရွံ့ခြင်းတွေ ပြုတ်ကျခဲ့ လူသား ငယ်ဘ၀မှာ
တောင့်တတာ ချစ်မီးအိမ်ငယ်လေးတွေ လက်တွေ့ ဆီခန်းပြာကျနေ

နိမ့်ကျတဲ့ လူသား ငါ့ဘ၀မှာ ပြားချပ်ချပ် ဒီအိတ်ကပ်တွေက အဖြေ
သစ်ရွက်လှုပ်သံတောင် ခြောက်လှန့်လို့နေ
ဒီစိတ်တွေ ဒီအဖြစ်တွေ ပြန်လှည့်ကြည့်ဦးလေ

ငဲ့ကြည့်ဦးလေ ငါ့အဖြစ်လေးတွေ

မာတိကာ သို့ .....