အလွမ်းရဲ့စီးကြောင်း

သန်းခေါင်ယံကြယ်စဉ်တွေကို ငေးမောရင်း
တောင်ပြာရယ် လွင်ပြင်ကျယ် ငါဖြတ်လို့ လေလွင့်ခရီးရယ်
ရင်ခုန်ခေါင်းမော့ကြည့် အလွမ်းရယ်
သန်းခေါင်ယံ နက္ခတ်တို့ စုံတဲ့ညလေး ဟိုး ... အဝေးမယ်
ဒီအချိန် မင်းအိပ်စက်ညလေး ငါတမ်းတနေတယ်
ညင်သာ မင်းနဖူးထက် ငါ့အနမ်း ပျံသန်း ညအမှောင်ထဲ
အဝေးက တိတ်တဆိတ်နဲ့ လှမ်းနှုတ်ဆက်တဲ့အနမ်း

ငါလာမယ် ကြယ်စင်တွေ ထမ်းပိုးရင်း
ခြေလျင်လေ ကန္တာမြေ နင်းဖြတ်လို့ ငါပြန်ခဲ့မယ်
ရင်မှာလေ ရိုင်းစိုင်းတဲ့နေ့တွေရယ်
ငါယှဉ်ပြိုင် ဘ၀တစ်ခုကြေး ထိုးသတ်ခဲ့ လောင်းကြေးပဲ
အိမ်အပြန် မင်းဆီးလို့ကြိုမလား ငါ နောက်ကျခဲ့ပြီလား
ရင်ခုန်တမ်းတတဲ့ ဘ၀များ သူရနှင့်ပြီလား နောက်ကျ ဆုံးရှုံးခဲ့ပြီလား

ရင်ထဲအလွမ်း နေ့ညကူးခတ်မင်းဆီ
အချိန်မီ လှမ်းလျှောက်ခဲ့ လမ်းများ နင်းဖြတ်ခဲ့ မင်းသိနိုင်မလား
ရင်ထဲအလွမ်း ခြောက်လှန့်နှိပ်စက်တဲ့ အတွေးတွေ
နယ်လွန်စီးမျောခဲ့ တိတ်တဆိတ်ကျွမ်းစားခဲ့
မင်းမရှိတဲ့ညတို့ လောင်ကျွမ်း

စီးဆင်းအလွမ်း သန်းခေါင်ယံ လမ်းတစ်ဝက်က
အဝေးရောက် ရင်ထဲအလွမ်း ညတို့ ကူးခတ်ခဲ့
အဝေးရောက် အလွမ်းရယ် ညထဲ ဖြတ်ကျော်သွား အလွမ်း စီးတယ်

မာတိကာ သို့ .....