အားလုံးအတွက်ပန့်ခ်

ငါ့စိတ်ကကြမ်းတမ်းသလို လူတွေက ငါ့ကိုအထင်သေး ထွက်ပေါက်မဲ့
ငါ့ဘ၀ကို ချိုမြိန်စွာ အသုံးချတယ်ဟေ့
ကျိုးသွားပြီ လူ့စည်းကမ်းတွေ ဘယ်သူတွေရိုက်ချိုးပစ်သလဲ
ဆက်လုပ် လွမ်းချင်းမဲ့သီချင်းတွေသာ ရင်ခုန်စွာငါပေါက်ကွဲတယ်ဟေ့
အချစ်မရှိတဲ့ နှလုံးသားဒဏ်ရာ ငါဘယ်လိုကျော်ဖြတ်ရမလဲ
ပေးဆပ်ခဲ့ ငါ့အသွေးအသားတွေ ဘယ်သူတွေလှောင်ရယ်ပြုံးနေသလဲ
ဆက်လုပ် ဒီအချိန်မှာ ငါဟာလေ ဆံပင်အတိုနဲ့ လမ်းလျှောက်
ကမ္ဘာမြေမှာတွယ်တာစရာ ဘယ်ပုံစံမှ မမက်လောက်
ဆုံးမတဲ့ အရသာကို လူတွေက စုံမက်တယ်ဟေ့
မြင့်မြတ်တဲ့ နေ့ရက်တွေကို ရာဇ၀င်မှာ ဘယ်သူအရောင်ဆိုးပစ်သလဲ
ကျိုးသွားပြီ လူ့စည်းကမ်းတွေ ဘယ်သူတွေ ရိုက်ချိုးပစ်သလဲ
ဆက်လုပ် အလိမ်အညာတွေရီဝေနေ လိုချင်တာ ပန့်ခ် ပဲ
သေချင်ရင်ကြံဖန်သေ လိုချင်တာပန့်ခ် ပဲ
ရင်ခွင်မှာ နာကျင်နေ ဒီအချိန်မှာ ငါပေါက်ကွဲ
လိုချင်တာ ပန့်ခ် ရင်ခွင်မှာပန့်ခ် အရာရာဟာပန့်ခ်

မာတိကာ သို့ .....