မဆန်းသော ဒိုင်ယာလော့ခ်

ရိုးရိုးလေးပဲ သီချင်းတစ်ပုဒ် ငါညည်းမယ်
ရိုးရိုးလေးပဲ မင်းက နားထောင်ကွယ်
ဆန်းဆန်းပြားပြား မဟုတ်တဲ့ ဒီသီချင်းနဲ့
အကြင်နာတွေ ပြောပြမယ်

အိပ်ပျက်ညတို့ မင်းကြောင့်ရှိဖူးတယ်
မင်းကြောင့် ရေးတဲ့သီချင်းလေး ဆိုပြမယ်
အတွေးထဲ မင်းက ရောက်ရောက်လာတတ်တယ်
ပြန်ဆုံမယ် အိပ်မက်ထဲ သတိရစိတ်နဲ့ ပြည့်နေခဲ့

ပုံမှန်ငါပြောနေလို့ အကြိမ်ကြိမ်ငါညည်းဆိုလို့
တခါတရံမှာ ရိုးနေမလား ငါချစ်တဲ့အကြောင်း
ဒိုင်ယာလော့ခ်တွေက သိပ်မဆန်းပေမယ့်
ငါ့အချစ်တွေဟာ ရိုးသားနေဆဲ

မာတိကာ သို့ .....